လက်ခုပ်ကုန်းကျေးရွာ အုန်းပင်စိုက်ပွဲသို့လာသည့် မြို့နယ်ကောင်စီဝင်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

Photo - အထူးစစ်ဆင်ရေး S.O.F တပ်ဖွဲ့

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူးရဲစခန်းအနီး၊ လက်ခုပ်ကုန်းကျေးရွာ အုန်းပင်စိုက်ပွဲသို့လာသည့် မြို့နယ်ကောင်စီဝင်ယာဉ်တန်းကို ယနေ့ဩဂုတ်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းက ‌မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင် အထူးစစ်ဆင်ရေးတပ်ဖွဲ S.O.F က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ မြို့နယ်ကောင်စီဝင်များနှင့် အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီတပ်သားနှင့် ရဲများပါသည့် ယာဉ်တန်းကို ‌ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိမှူများပြီး ယာဥ်များပါ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ 

၎င်းတိုက်ခိုက်မှုသည် တောင်ပိုင်းစစ်ဒေသ၏ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးစီမံချက်ဖြစ်ပြီး စစ်ဆင်ရေးအား ရန်ကုန်စစ်ဆင်ရေးဧရိယာ(၆)အခြေပြု S.O.F Squad - 7(EAGLE SQUAD) မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency 

လက်ခုပ်ကုန်းကျေးရွာ အုန်းပင်စိုက်ပွဲသို့လာသည့် မြို့နယ်ကောင်စီဝင်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ လက်ခုပ်ကုန်းကျေးရွာ အုန်းပင်စိုက်ပွဲသို့လာသည့် မြို့နယ်ကောင်စီဝင်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 22:58 Rating: 5

No comments:

Powered by Blogger.