မြဝတီ ဝေါလေမြို့တွင်းရှိ စစ်တပ်နဲ့ရဲ ပူးတွဲတပ်စွဲထားသော ရဲစခန်းကို KNDO ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်
(ဇွန်လ ၁၃ ရက်)
ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်၊ ဝေါလေမြို့အဝင်က စစ်တပ်နဲ့ရဲ ပူးတွဲတပ်စွဲထားတဲ့ ရဲစခန်းကို KNDO ပူးပေါင်းတပ်ဖွဲ့ က ဒီကနေ့နံနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှူကို နံနက် ၄ နာရီဝန်းကျင်ခန့်တွင် စတင်ခဲ့ပြီး ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကာ လက်နက်ကြီး လက်နက်ငယ်အချို့ သိမ်းဆည်းမိခဲ့ကြောင်း ဒေသတွင်းမီဒီယာ ကလည်း ဖော်ပြထားပါတယ်။
ဒါပြင် ဝေါလေရဲစခန်း ဖမ်းဆီးခိုပ်နှောင်ထားသော CDM ရဲ ၃ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ကနဦးသိရှိရပါသည်။
HTY Information
မြဝတီ ဝေါလေမြို့တွင်းရှိ စစ်တပ်နဲ့ရဲ ပူးတွဲတပ်စွဲထားသော ရဲစခန်းကို KNDO ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်
Reviewed by THITHTOOLWIN
on
22:45
Rating:
No comments:
Post a Comment