မိုးကုတ်မြို့နယ်မှာ အင်တာနက်ပြန်ဖွင့်မပေးရင် တာဝါတိုင်တွေ ဖောက်ခွဲမယ်လို့ Red Wolve Of Mogok သတိပေး


ဖေဖော်ဝါရီလ ၁ဝရက်၊ မိုးကုတ်

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့အတွင်း စစ်ကောင်စီအာဏာသိမ်းပြီးနောက် အင်တာနက်လိုင်းတွေ မကြာခဏပြတ်တောက်ပြီး အင်တာနက်ပြန်ဖွင့်ပေးဖို့အတွက် မနေ့ ဖေဖော်ဝါရီလ ၉ ရက်က Red Wolve Of Mogok အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အင်တာနက်မဖွင့်ပေးပါက ဖုန်းတာဝါတိုင်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်သွားမယ်လို့လည်း သတိပေးဖော်ပြထားပါတယ်။

မိုးကုတ်မြို့ခံတစ်ဦးက “အခု ဝိုင်ဖိုင်ပဲရနေတယ်။ ဝိုင်ဖိုင်ဆိုပေမယ့်လည်း အကန့်အသက်က ရှိပြန်တယ်။ အများကြီးသုံးလို့ မရဘူး။ MPT နဲ့ Telenorက တစ်နှစ်ရှိပြီး ပိတ်တာ။ mytel က ၂လ ပြည့်ပြီ။ အင်တာနက်ပိတ်ထားခံရတာ”လို့ ရွှေဖီမြေ ကိုပြောပါတယ်။

အခုလို အင်တာနက်ပိတ်ခံရတာ လွတ်လပ်စွာ သတင်းဖော်ပြခွင့်၊ ပြည်သူတွေရဲ့ စီးပွားရေးနဲ့ ငွေလွှဲသွား လွှဲလာသူတွေအတွက် အခက်အခဲတွေ ကြုံရတယ်လို့လည်း သူကဆိုပါတယ်။

မိုးကုတ်မြို့မှာ စစ်ကောင်စီဘက်က လူထုတွေကို ပစ်ခတ်၊ စစ်ဆေးဖမ်းစီးနေတာတွေရှိနေပြီး အင်တာနက်ဖြတ်တောက်ထားတာကြောင့် သတင်းတွေ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့ဟာ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်တဲ့မြို့တစ်မြို့ဖြစ်ပြီး အဲလိုဆန့်ကျင်လို့ သံဃာတော်တွေအပါအဝင် လူထုတွေကိုလည်း စစ်ကောင်စီဘက်က ပစ်ခတ်ဖမ်းစီးမှုတွေ လုပ်ခဲ့ပါတယ်။


Shwe Phee Myay News Agency 

မိုးကုတ်မြို့နယ်မှာ အင်တာနက်ပြန်ဖွင့်မပေးရင် တာဝါတိုင်တွေ ဖောက်ခွဲမယ်လို့ Red Wolve Of Mogok သတိပေး မိုးကုတ်မြို့နယ်မှာ အင်တာနက်ပြန်ဖွင့်မပေးရင် တာဝါတိုင်တွေ ဖောက်ခွဲမယ်လို့ Red Wolve Of Mogok သတိပေး Reviewed by THITHTOOLWIN on 21:47 Rating: 5

No comments:

Powered by Blogger.