အောင်ပွဲဖြင့်ပြန်လာသော ဗိုလ်နဂါးနှင့်အဖွဲ့ကို ဒေသခံများ သပြေပန်းဖြင့်ဆိုကြို |
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တောင်ပိုင်းရှိ ကံပေါက်နှင့် ညောင်ကုန်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၂၂ ဦး သေဆုံးကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)ခေါင်းဆောင် ဗိုလ်နဂါးက လူထုနွေဦးသို့ ပြော သည်။
တိုက်ပွဲ ဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီခန့်က ခြေလျင်စစ်ကြောင်း ထိုးနေသည့် စစ်ကောင်စီတပ်ကို ရှေ့နောက်ညှပ်၍ တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ဆိုသည်။
"ရှေ့မှာတစ်ဖွဲ့က ကြိုစောင့်ပြီး ပစ်သံပေးတယ်။သူတို့ တိုးဝင်တဲ့အချိန် အနောက်ဘက်ကနေ တက်ပြီး ပိတ်ပစ်တာပေါ့။ဒဏ်ရာရတဲ့ စစ်ခွေးတွေလည်း တော်တော်များတယ်"ဟု ဗိုလ်နဂါးက တိုက်ပွဲဖြစ်စဥ်ကို ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီသည် ညှပ်၍ ပစ်ခတ်ခံရသောကြောင့် လေကြောင်းပစ်ကူကိုပါ အသုံးပြုခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော် များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းလည်း သိရသည်။
ထို့အပြင် အောင်ပွဲနှင့်အတူပြန်လာသည့် PPDF တပ်ဖွဲ့ဝင်များကို ပြည်သူ ၂၀၀၀ကျော်က သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြသည်။
ပုလဲမြို့နယ် အတွင်းသို့ စစ်ကောင်စီက ယခုလ ဒုတိယပတ်ကစ၍ အင်အားဖြည့်တင်မှုများစွာရှိနေကြောင်းလည်း PPDF က ထုတ်ပြန်ထားသည်။
ထို့ကြောင့် ဒီဇင်ဘာ ၁၇ ရက်ကစ၍ စစ်ကောင်စီတပ် များ စစ်ကြောင်းထိုးရာ ဒေသတစ်ဝိုက်တွင် ဆွဲမိုင်းများနှင့် တိုက်မိုင်း များအသုံးပြု၍ PPDF က တိုက်ခိုက်မှုများပြုလုပ်ထားပြီး ထိုဖြစ်စဥ်များတွင် စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း သေဆုံးကြောင်းလည်း PPDF က ခန့်မှန်းသည်။
People's Spring
No comments:
Post a Comment