မြန်မာနိုင်ငံမှာ ဆန်နဲ့ဆီ စားသောက်ကုန်စျေးတွေ တရိပ်ရိပ် တက်နေတယ်လို့ WFP ပြော

WORLD FOOD PROGRAMME / ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့

မြန်မာနိုင်ငံမှာ ဆန်နဲ့ဆီ အပါအဝင် စားသောက်ကုန်စျေးနှုန်းတွေ တရိပ်ရိပ် တက်လာနေတယ်လို့ WFP ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

ဆန်စျေးဟာလည်း ဇန်နဝါရီလကစလို့ ၅ ရာခိုင်နှုန်း တက်သွားခဲ့ပြီး ရခိုင်ပြည်နယ် အလယ်ပိုင်းမှာ ၇ ရာခိုင်နှုန်း၊ ချင်းပြည်နယ်မှာ ၈ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်မှာ ၁၁ ရာခိုင်နှုန်းအထိ တက်သွားတယ်လို့ ဆိုပါတယ်။

ဆီစျေးလည်း လစဉ် ၉ ရာခိုင်နှုန်း တက်သွားခဲ့ပြီး အခု ၂ လတာ ကာလအတွင်း စားဆီ လက်လီစျေးဟာ ပျမ်းမျှ ၁၈ ရာခိုင်နှုန်း ထိုးတက်သွားတယ်လို့ ဆိုပါတယ်။

ကုလားပဲစျေးဟာလည်း လစဉ် ၅ ရာခိုင်နှုန်း တက်နေသလို ပြီးခဲ့တဲ့ ၂ လတာအတွင်း ချင်းပြည်နယ်မှာ ၉ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်မှာ ၁၈ ရာခိုင်နှုန်းနဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းမှာဆိုရင် ၁၉ ရာခိုင်နှုန်းအထိ တက်သွားခဲ့တယ်လို့ WFP ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကျေးလက်နဲ့ နယ်ဘက်တွေမှာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကနေ မတ်လလယ်အကြားမှာ ဆန်စျေး ၇ ရာခိုင်နှုန်း တက်ခဲ့ပြီး ရန်ကုန်မြို့ထဲမှာတော့ ဆီ လက်လီစျေး ၄ ရာခိုင်နှုန်း တက်ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးမြို့မှာလည်း စားသုံးဆီ စျေးက ၆ ရာခိုင်နှုန်း တက်ခဲ့တယ်လို့ သိရပါတယ်။

သယ်ယူပို့ဆောင်ရေး ခက်ခဲမှုတွေကြောင့် အခုလို ကုန်စျေးနှုန်းတွေ တိုးလာခဲ့ပြီး ကုန်ထုတ်လုပ်တင်ပို့ချိန်တွေ ပိုကြာမြင့်ခဲ့တာ ဖြစ်တယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စျေးကွက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

မြန်မာနိုင်ငံမှာ ဆန်နဲ့ဆီ စားသောက်ကုန်စျေးတွေ တရိပ်ရိပ် တက်နေတယ်လို့ WFP ပြော  မြန်မာနိုင်ငံမှာ ဆန်နဲ့ဆီ စားသောက်ကုန်စျေးတွေ တရိပ်ရိပ် တက်နေတယ်လို့ WFP ပြော Reviewed by THITHTOOLWIN on 20:39 Rating: 5

No comments:

Powered by Blogger.