RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်းကို ဦးတည်ပြီး စစ်ကောင်စီ မှ လက်နက်ကြီး (၃)ချက် ပစ်


ဧပြီ ၂၁ရက် ၂၀၂၁

RCSS/SSA ၏ ဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်း တပ်စခန်းကို ဦးတည်ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက ယနေ့ (ဧပြီ၂၁)ရက်  မနက်တွင် လက်နက်ကြီး ၃ချက် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

RCSS/SSA၏ လွိုင်တိုင်းလိုင်း ဌာနချုပ်ကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ ယနေ့ ဧပြီ (၂၁) ရက် မနက် ၈ နာရီခွဲအချိန်တွင် ဌာနချုပ်၏ အနောက်ဘက်တွင် လက်နက်ကြီး ၃ ချက်ခန့် ပစ်ခဲ့သော်လည်း RCSS/SSA ဘက်မှ တုန့်ပြန်ခဲ့ခြင်းမရှိကြောင်း  RCSS/SSA ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

 “ဌာနချုပ်ရဲ့ အနောက်ဘက် နည်းနည်းကျတယ်။ အဲ့ကနေ လက်နက်ကြီးနဲ့ ၃ ချက်လောက်ပစ်တယ်။ 81 mm မော်တာ နဲ့ ပစ်တာပါ။ စစ်ရေးအရတော့ ကျနော်တို့ မှတ်ချက်မပေးသေးပါဘူးခင်ဗျာ။” ဟု ဗိုလ်မှူးခမ်းစံ ကပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် RCSS/SSA ဌာနချုပ်တည်ရှိရာ လွိုင်တိုင်းလျန်းကို ဦးတည်ပြီး ပစ်ခတ်နေသည့် အပေါ် RCSS/SSA ကို စစ်ရေး အရ စိန်ခေါ်နေသည့်သဘော ရှိနေကြောင်းလည်း သျှမ်းပြည်လူထုက မှတ်ချက်ပြုလိုက်သည်။

သို့သော် RCSS/SSAဘက်မှ လက်ရှိအချိန်ထိ တစုံတရာ တုန့်ပြန်မှုမရှိသေးသည့်အပေါ်လည်း သျှမ်းလူထုက စဉ်းစားစရာဖြစ်နေကြောင်းလည်း ပြောဆိုလိုက်သည်။

ယမန်နေ့ ည တွင်လည်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီသည် မြန်မာ-ထိုင်းနယ်စပ် ရှိ RCSS/SSA တပ်စခန်းကို တရစပ် ပစ်ခတ်မှုပြုလုပ်နေကြောင်းလည်း သတင်းရရှိသည်။

ဧပြီ (၁၈) ရက် ညနေပိုင်းအချိန်မှ စတင်ကာ အကြမ်းဖက် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် RCSS/SSA ၏ လွိုင်ကော်ဝမ်း စခန်းရှိ ပစ်ခတ်ခဲ့ရာ စစ်ရှောင်  ဒုက္ခသည်များနေထိုင်သည့် ကျေးရွာထဲသို့ ကျခဲ့ပြီး စစ်ရှောင်များလည်း ထပ်မံ ရှောင်တိမ်းနေရသည်။

ယခုရက်ပိုင်း အကြမ်းဖက် စစ်ကောင်စီသည် RCSS/SSAတပ်စခန်းများကို လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်နေမှုကြောင့် မြန်မာ-ထိုင်းနယ်စပ် တွင်နေထိုင်သည့် သျှမ်းစစ်ရှောင်းများ အလွန်ပင် စိုးရိမ်ပူပန်နေကြပြီး၊ လက်ရှိမှာ ထိုင်းနိုင်ငံဘက်ခြမ်း ပြောင်းရွှေ့နေထိုင်ရန်လည်း ထိုင်းအစိုးရ အဖွဲ့နှင် ဆွေးနွေးနေကြောင်း သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်းကို ဦးတည်ပြီး စစ်ကောင်စီ မှ လက်နက်ကြီး (၃)ချက် ပစ် RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်းကို ဦးတည်ပြီး စစ်ကောင်စီ မှ လက်နက်ကြီး (၃)ချက် ပစ် Reviewed by THITHTOOLWIN on 21:05 Rating: 5

No comments:

Powered by Blogger.