NUG အစိုးရသစ်ကို မတရားအသင်းလို့ စစ်ကောင်စီ ကြေညာ

 NUG အစိုးရသစ်ကို မတရားအသင်းလို့ စစ်ကောင်စီ ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အဲဒီမှာ ပါဝင်သူတွေဟာ မတရားအသင်းနဲ့ မတရားအသင်းမှာပါဝင်သူတွေ ဖြစ်တယ်လို့ စစ်ကောင်စီ မီဒီယာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ ကြေညာပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို မတရားအသင်း အဖြစ် မတ်လ ကတည်းက ကြေညာထားပြီးဖြစ်လို့ CRPH က ဖွဲ့စည်းတဲ့ NUG ကို အဲဒီလို သတ်မှတ်တာ ဖြစ်တယ်လို့ အဲဒီကြေညာချက်မှာ ဆိုပါတယ်။

CRPH ကလည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပြီးဖြစ်ပြီး စစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ်ပြုတာမရှိဘူးလို့လည်း ပြောဆိုထားပါတယ်။

NUG အစိုးရသစ်ကို ဧပြီလ ၁၆ ရက် မှာ စတင်ဖွဲ့စည်းခဲ့ပြီး နောက်တစ်နေ့မှာ အစိုးရအဖွဲ့ရဲ့ ပထမဆုံး အွန်လိုင်း အစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

NUG အစိုးရသစ်ကို မတရားအသင်းလို့ စစ်ကောင်စီ ကြေညာ  NUG အစိုးရသစ်ကို မတရားအသင်းလို့ စစ်ကောင်စီ ကြေညာ Reviewed by THITHTOOLWIN on 23:57 Rating: 5

No comments:

Powered by Blogger.