နေပြည်တော်က NLD အမတ် နှစ်ဦးအမှု လိုပြသက်သေကို စတင်စစ်ဆေး

ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရတဲ့ နေပြည်တော်က NLD အမတ်နှစ်ဦးဖြစ်တဲ့ ဦးကျော်မင်းလှိုင်နဲ့ ဦးသန့်ဇင်ထွန်း တို့အမှုကို ဒီနေ့ စတင်စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေတစ်ဦးစီကို စတင်စစ်ဆေးခဲ့တယ်လို့ သူတို့ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ဆိုပါတယ်။

ဧပြီလ ၈ ရက် ရုံးချိန်းမှာ မှုခင်းစီမံခန့်ခွဲမှု CMP စနစ် ပြုလုပ်ခဲ့ပြီး ခြောက်လအတွင်းအမှုကို ပြီးပြတ်အောင် စစ်ဆေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ဒီနေ့ စတုတ္ထမြောက်ရုံးချိန်းမှာ သူတို့နှစ်ဦးရဲ့ အမှုကို စတင် စစ်ဆေးခဲ့တာပါ။

သူတို့နှစ်ဦးရဲ့ အမှုကို သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေမှာ မစစ်ဆေးဘဲ နေပြည်တော် အချုပ်ထောင်အတွင်း မှာ ပြုလုပ်ထားတဲ့ ယာယီတရားရုံးမှာပဲ သက်ဆိုင်ရာ မြို့နယ်တရားသူကြီးတွေက လာရောက်စစ်ဆေးတာပါ။

ဦးသန့်ဇင်ထွန်းနဲ့ ဦးကျော်မင်းလှိုင်တို့ဟာ မြို့နယ်တရားရုံးတွေမှာ ပထမဆုံးအကြိမ် စတင်ရုံးထုတ်တဲ့ရက်က တစ်ကြိမ်သာ မိသားစုနဲ့ တွေ့ခွင့်ရခဲ့ပြီး နောက်ထပ်ရုံးချိန်းတွေမှာ တွေ့ခွင့်မရတော့ကြောင်း သူတို့ရဲ့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။

ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်ဟာ မတ်လ ၁ ရက်နေ့က ဖမ်းဆီး ခံရတာဖြစ်ပြီး ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း ကတော့ မတ်လ ၂ ရက်နေ့က ဖမ်းဆီးခံရတာပါ။

သူတို့ နှစ်ဦးစလုံးကို ပုဒ်မ ၅၀၅ (က)နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/investigate-nld-mps-04222021075127.html

နေပြည်တော်က NLD အမတ် နှစ်ဦးအမှု လိုပြသက်သေကို စတင်စစ်ဆေး  နေပြည်တော်က NLD အမတ် နှစ်ဦးအမှု လိုပြသက်သေကို စတင်စစ်ဆေး Reviewed by THITHTOOLWIN on 20:46 Rating: 5

No comments:

Powered by Blogger.