မြစ်ကြီးနားက စစ်တပ်ပိုင် Mytel ရုံးမှာ ဗုံးကွဲ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ထဲမှာရှိတဲ့ စစ်တပ်ပိုင် Mytel တယ်လီဖုန်း ဆက်သွယ်ရေးရုံးအတွင်းမှာ ဒီနေ့ည ၈ နာရီခွဲက ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ အဲ့ဒီနားမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ပေါက်ကွဲသံကြောင့် ဘေးနားမှာရှိတဲ့ အိမ်တွေ တုန်ခါသွားတယ်လို့ ဆိုပါတယ်။

“အခုတော့ စစ်ကားတွေ လာနေတာ တွေ့ရတယ် ။ ရုံးထဲကနေ ကွဲတာပါ ။ အပြင်ကနေ ပစ်ထည့်တာလား ဆင်ထားတာလားတော့ မသိဘူး ။ အသံကတော့ အိမ်တွေတောင် တုန်ခါသွားတယ်။ ရုံးက ညဘက်မှာတော့ လူသိပ်များများနေတာ မတွေ့ရဘူး" လို့ အဲ့ဒီဒေသခံကပြောပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ ထိခိုက်ဆုံးရှုံးမှုတွေကိုတော့ RFA က သီးခြားအတည်ပြုလို့ မရသေးပါဘူး။

လက်ရှိ ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ လုံခြုံရေးတင်းကြပ်ချထားပြီး မြို့ထဲမှာလည်း သေနတ်သံတွေ ကြားနေရတယ်လို့ ဒေသခံက ပြောပါတယ်။

မနေ့က ညပိုင်းကလည်း မြစ်ကြီးနားမြို့ လည်ကုန်းရပ်ကွက်မှာရှိတဲ့ ရဲတပ်ရင်းနား တဝိုက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/mytel-myitkyina-myanmar-military-coup-bomb-explosion-04122021122847.html

မြစ်ကြီးနားက စစ်တပ်ပိုင် Mytel ရုံးမှာ ဗုံးကွဲ  မြစ်ကြီးနားက စစ်တပ်ပိုင် Mytel ရုံးမှာ ဗုံးကွဲ Reviewed by THITHTOOLWIN on 06:11 Rating: 5

No comments:

Powered by Blogger.