စစ်တပ်စီးပွားရေးအတွက် မင်းအောင်လှိုင်၏ သမီးထံသို့ ချေးငွေပေးမှုတစ်ရပ်အပေါ် အရေးပေါ် အရေးယူဆောင်ရွက်ရန် ရိုးမဘဏ်လီမိတက်ရှယ်ယာရှင်များဖြစ်ကြသည့် IFC၊ GIC နှင့် Norfund တို့အား Justice For Myanmar မှတောင်းဆိုလိုက်သည်
Justice For Myanmar သည် ရိုးမဘဏ်၏ စစ်ရာဇ၀တ်မှုကျူးလွန်သူ အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီးပိုင်ဆိုင်သော Pinnacle Asia အား ငွေချေးနေမှုအပေါ် အပြင်းအထန်ရှုတ်ချသည်။
မြန်မာစစ်တပ်မှ ထိန်းချုပ်သော မိုဘိုင်းအော်ပရေတာ Mytel အတွက် တာဝါတိုင်များဆောက်လုပ်ရန် ၁.၈ ဘီလီယံကျပ်ရှိ ချေးငွေတစ်ရပ်အား ယခင်နှစ် ၂၀၂၀ခုနှစ် ထဲ၌ ရိုးမဘဏ်ထံမှ ရရှိခဲ့သည်။ Pinnacle Asia သည်မြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC၏ လက်အောက်ခံ Star High နှင့် ပတ်သက်မှုရှိနေသည်ကို DDoSecrets မှ ပေါက်ကြားလာသော ချေးငွေဆိုင်ရာ စာရွက်စာတမ်းများအရ သိရသည်။
ထိုအချိန်တွင် အဆိုပါချေးငွေသည် ကမ္ဘာဘဏ် လက်တံတစ်ခုဖြစ်တဲ့ နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း IFC ၏ ရိုးမဘဏ်လုပ်ငန်း၌ ရှိသော အစုရှယ်ယာ ၅% သောငွေမှ ဆင်းသက်လာသည်။ ထို့ပြင် ၂၀၂၀ခုနှစ် ဧပြီလအတွင်း နော်ဝေးနိုင်ငံမှ Norfund နှင့် စင်္ကာပူမှ GIC တို့သည်လည်း ထိုဘဏ်တွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး ထိုငွေကြေးအဖွဲ့အစည်း ၃ ခုပေါင်းလျှင် ရိုးမဘဏ်၌ အစုရှယ်ယာစုစုပေါင်း၏ ၃၄% အား ထိန်းချုပ်ထားသည်။
Pinnacle Asia အား ချေးငွေ ထောက်ပံ့မှုသည် စစ်တပ်နှင့်ဆက်စပ်မှုများဖြတ်တောက်ရန် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အကြံပြုချက်များကို တုန့်ပြန်ရန် ပျက်ကွက်မှုပင်ဖြစ်သည်။
Justice For Myanmar
![စစ်တပ်စီးပွားရေးအတွက် မင်းအောင်လှိုင်၏ သမီးထံသို့ ချေးငွေပေးမှုတစ်ရပ်အပေါ် အရေးပေါ် အရေးယူဆောင်ရွက်ရန် ရိုးမဘဏ်လီမိတက်ရှယ်ယာရှင်များဖြစ်ကြသည့် IFC၊ GIC နှင့် Norfund တို့အား Justice For Myanmar မှတောင်းဆိုလိုက်သည်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZH6PmAbibye9DY8nQ8e9KZj7J-6fMTayyQlL5nYKLxH3-TNpmbQr28ruq7-VsaIzqlWZ0EGFCZsAz7YVsBI1-SNXWriOpepwu16WaMf7R1fr8uLoZPhDZt0Bo2VvCMOC3RcFU_OMlNlT1/s72-w429-c-h285/3.jpg)
No comments:
Post a Comment