မြန်မာကို လက်နက်ရောင်းချမှု ပိတ်ပင်ရေး တရုတ် နဲ့ ရုရှား ကန့်ကွက်တာ မထူးဆန်းကြောင်း EU ပြော

EU နိုင်ငံတကာ မူဝါဒရေးရာ အကြီးအကဲ Josep Borrell

ဘရပ်ဆဲလ်၊ ဧပြီ ၁၂၊ ၂၀၂၁

မော်စကိုနဲ့ ဘေဂျင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံ အပေါ် လက်နက်ရောင်းချမှု ပိတ်ပင်တားဆီးမယ့် အစီအစဉ်ကို ကန့်ကွက်နေမှုဟာ အံ့သြစရာ မဟုတ်ဘူးလို့ ဥရောပသမဂ္ဂ (EU) နိုင်ငံတကာ မူဝါဒရေးရာ အကြီးအကဲ Josep Borrell က ပြောကြား လိုက် ပါတယ်။

Josep Borrell က ဧပြီ ၁၁ ရက်မှာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်တယ်လို့ Hindustan Times သတင်းက ဖော်ပြပါတယ်။

“မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် သွေးထွက်သံယို ဖြစ်နေ တာဟာ ကမ္ဘာကြီး ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ခဲ့ ပြီးပြီ။ ပြီးခဲ့တဲ့ ဧပြီ ၉ ရက်က ပဲခူးမှာ လူ ၈၀ ကျော် သေဆုံးခဲ့ရတယ်။ ကျနော်တို့ဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နီးကပ်စွာ ညှိနှိုင်းနေပြီး ခိုင်မာတဲ့ သံတမန်ရေး ကြိုးပမ်းမှုကို ဆောင်ရွက်နေပါတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ပထဝီ နိုင်ငံရေး ဆိုင်ရာ အခြေအနေကြောင့် ဘုံသဘောတူညီချက်ကို ရှာဖွေ ဖို့၊ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့နဲ့ ဒီမိုကရေစီ ပြန်လည်ရောက်ရှိဖို့ ခက်ခဲစေပါတယ်”လို့ Josep Borrell က ဘလော့ဂ်မှာ ရေးထားတယ် လို့လည်း ဆိုပါတယ်။

သူက ဒီလိုကြမ်းကြုတ် ရက်စက်မှုတွေကိုတောင်မှပဲ ပထဝီနိုင်ငံရေးက နိုင်ငံတကာ အသိုင်းအဝန်းကို ကွဲပြားခြားနားစေ သလို ပေါင်းစပ်ညှိနှိုင်းထားတဲ့ တုံ့ပြန်မှုတွေကို နှောင့်နှေးစေတယ်လို့ သူက ဆက်လက် ပြောဆိုပါတယ်။

Borell က“မြန်မာနိုင်ငံရဲ့ တည်နေရာဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေး စင်္ကြ ံBRI (အိန္ဒိယ သမုဒ္ဒယာထဲကို ထဲထဲဝင်ဝင် ဝင်ရောက်ခွင့် အဆိုပြု ချက်) အတွက် မဟာဗျူဟာမြောက် အဆင့်တစ်ခုဖြစ်စေတဲ့ အပြင် အိန္ဒိယရဲ့ တောင်တရုတ် ပင်လယ် အတွက် ကိုယ်ပိုင်စင်္ကြ ံအတွက် လည်း အဓိကကျနေပါတယ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ စင်္ကာပူတို့လို အခြားသော နိုင်ငံတွေ အတွက်လည်း မြန်မာမှာ ကြီးမားတဲ့ စီးပွားရေး ဆိုင်ရာ အကျိုးအမြတ်တွေ ရှိနေပါတယ်၊ ဒါ့အပြင် တရုတ်ပြီးရင် ရုရှားဟာ မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် လက်နက်ထောက်ပံ့သူ ဖြစ်ပါ တယ်။ ဒါ့ကြောင့် ရုရှားနဲ့ တရုတ် နိုင်ငံတို့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ မြန်မာကို လက်နက်ရောင်းချမှု ပိတ်ဆို့ရေး ကြိုးပမ်းမှုကို တားဆီးနေခြင်းဟာ အံ့သြစရာ မဟုတ်ပါဘူး”လို့လည်း ပြောပါတယ်။

တရုတ်ဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ၎င်းရဲ့ မဟာဗျူဟာ အကျိုး စီးပွားတွေကို ကာကွယ်ဖို့ပဲ စိတ်အား ထက်သန်လျက် ရှိနေပြီး အာဏာ သိမ်းမှုကို “အဓိက အစိုးရ အပြောင်းအလဲ”လို့သာ ခေါ်ဆိုခဲ့ပြီး ရုရှား ကတော့ “ပြည်တွင်းရေးကိစ္စ” သာ ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Borrell က ဆက်လက် ပြောကြားပါတယ်။

ဒါ့အပြင် သူက မြန်မာနိုင်ငံရဲ့ဖြစ်စဉ်ဟာ အလွန်ရှုပ်ထွေးပြီး တိုင်းရင်းသား လူမျိုးစုတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ခက်ခဲတယ် လို့လည်း ဆိုပါတယ်။

နယ်စပ်မှာ အသိအမှတ်ပြုခံထားရတဲ့ လူမျိုးစု ၁၃၅ မျိုးရှိပြီး ရခိုင် ပြည်နယ်က မွတ်စလင် (မူလ သတင်းက ရိုဟင်ဂျာလို့ သုံးနှုန်း) တချို့လို အများအားဖြင့် အသိအမှတ်အပြု မခံရသူတွေလည်း ရှိနေ ပြီး လွတ်လပ်ရေး ရပြီးကတည်းက တိုင်းရင်းသား လူနည်းစုတွေနဲ့ ဗဟိုအာဏာပိုင်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သူက ဆက်လက် ပြောဆိုပါတယ်။

Borell က“ဒီမိုကရက်တစ် ရွေးကောက် တင်မြှောက်ခံ အစိုးရကို ဖြုတ်ချပြီး စစ်တပ် အုပ်ချုပ်မှုနဲ့ အစားထိုးလိုက်တယ် ဆိုတာကို လက်မခံနိုင်ဘူး”လို့ ဆိုပါတယ်။

အမေရိကန်နဲ့ ယူကေတို့က မြန်မာစစ်အစိုးရ အပေါ် ဒဏ်ခတ် အရေး ယူမှုတွေကို ချမှတ်ခဲ့မှုနဲ့ ပတ်သက်ပြီးတော့လည်း သူက “သူတို့ဟာ သူတို့ ဒဏ်ခတ် အရေးယူမှု လုပ်တာဟာ မူဝါဒမဟုတ်ဘူး” လို့ ပြောကြား ပါတယ်။

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကို ပြန်လည်ထူထောင်နိုင်ဖို့ တွေ့ဆုံ ဆွေးနွေးမှု လုပ်ငန်းစဉ်ကို စတင်ဖို့ အတွက် ပူးတွဲ သံတမန် ရေးရာ ပလက်ဖောင်း တစ်ခု တည်ဆောက်ဖို့ လိုအပ်ပါတယ်”လို့လည်း Borell က ပြောကြားသွားပါတယ်။



ပုံစာ - တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရီ နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ရုရှား ဒု ကာကွယ်ရေး ဝန်ကြီး၊ မြန်မာနိုင်ငံမှာ အာဏာသိမ်း ဆန့်ကျင် ဆန္ဒ ပြနေသူများ။ ဓာတ်ပုံ - အင်တာနက် စာမျက်နှာများ


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

မြန်မာကို လက်နက်ရောင်းချမှု ပိတ်ပင်ရေး တရုတ် နဲ့ ရုရှား ကန့်ကွက်တာ မထူးဆန်းကြောင်း EU ပြော မြန်မာကို လက်နက်ရောင်းချမှု ပိတ်ပင်ရေး တရုတ် နဲ့ ရုရှား ကန့်ကွက်တာ မထူးဆန်းကြောင်း EU ပြော Reviewed by THITHTOOLWIN on 05:52 Rating: 5

No comments:

Powered by Blogger.