ခဝဲခြံ မျက်မမြင်ကျောင်းဝင်းထဲ လက်နက်ကိုင်စစ်သားတွေ ဝင်တပ်စွဲ

ရန်ကုန်မြို့ အနောက်ပိုင်း ခဝဲခြံရပ်ကွက်မှာ ရှိတဲ့ မျက်မမြင်စာသင်ကျောင်းအပါအဝင် မရမ်းကုန်းမြို့နယ်ထဲက ကျောင်းပုရဝုဏ် အတော်များများထဲကို စစ်တပ်က ဝင်ရောက် တပ်စွဲထားပါတယ်။

“တနင်္လာနေ့ ည ၇ နာရီထိုးခါနီးလောက်မှာ စစ်သားတစ်ယောက် ဝင်းကို ကျော်ဝင်လာပြီး တံခါးဖွင့်ပေးဖို့ လာပြောတယ်။ ကျောင်းအုပ်ဆရာကြီး ဦးသိန်းလွင်နဲ့ စကားပြောပါ ဆိုတော့ အဲဒီမှာ ၂ ည ၃ ညလောက် နေဖို့ ပြောခဲ့တဲ့အတွက် ခွင့်ပြုခဲ့ရတယ်” လို့ မျက်မမြင်ကျောင်းဝင်းထဲမှာ နေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ကျောင်းဝင်းထဲ တပ်စွဲနေရာယူထားတဲ့ စစ်သား အယောက် ၇၀ လောက် ရှိလိမ့်မယ်လို့ သူက ပြောပါတယ်။

မျက်မမြင် ကျောင်းဝင်းထဲမှာ နေထိုင်နေတဲ့ အမြင်အာရုံချို့တဲ့သူတွေအတွက် အခုလို လက်နက်ကိုင် စစ်သားတွေ ရှိနေတဲ့အတွက် နေထိုင်သွားလာရတာ အခက်အခဲတွေ ရှိနေပြီး စိုးရိမ်ကြောက်လန့်နေကြတယ်လို့ သိရပါတယ်။

ဒါပေမဲ့လည်း အခုလို စစ်သားတွေ ရှိနေပေမဲ့ မျက်မမြင်ကျောင်းဝန်းထဲမှာ နေသူတွေကတော့ သူတို့လုပ်နေကျ အာရုဏ်ဦး ဆုတောင်းတာ၊ ညလုံးပေါက် ဝတ်ပြုတာတွေကို ပုံမှန်လုပ်သွားမယ်လို့ ဆိုပါတယ်။

ခဝဲခြံ မျက်မမြင်ကျောင်းထဲ ဝင်ပြီး လက်နက်ကိုင်စစ်သားတွေ အခုလိုတပ်စွဲတာဟာ ပထမဆုံးအကြိမ် ဖြစ်ပြီး ၈၈ အရေးအခင်းတုန်းက စစ်သားတွေ ကျောင်းဝင်းထဲ မဝင်ဘဲ ဝင်းအပြင်မှာပဲ တပ်စွဲခဲ့ကြတယ်လို့ သူက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ခဝဲခြံ မျက်မမြင်ကျောင်းဝင်းထဲ လက်နက်ကိုင်စစ်သားတွေ ဝင်တပ်စွဲ  ခဝဲခြံ မျက်မမြင်ကျောင်းဝင်းထဲ လက်နက်ကိုင်စစ်သားတွေ ဝင်တပ်စွဲ Reviewed by THITHTOOLWIN on 06:27 Rating: 5

No comments:

Powered by Blogger.