မိုး​မောက်တိုက်ပွဲ စစ်​ကောင်စီလက်နက်ကိုင်များ ကျရှုံးမှုများဟု​ဆို




12 April 2021 - Nmawk

မိုး​မောက်မြို့နယ်ရှိ စစ်​ကောင်စီတပ်များ ​သေဆုံးမှုများပြီး စစ်​​တိုက်လေယာဥ်​များ၊ လက်နက်ကြီး​များဖြင့် လက်လွတ်စပယ်ပစ်ခတ်မှုများရှိ​နေသည်ဟု ဒေသခံများက ဆိုသည်။ 

စစ်သား​သေဆုံးသူများနှင့် ဒဏ်ရာရသူများကို ကားဖြင့်သယ်​ဆောင်သွားသွားသည်ကို တွေ့ရှိရ​ကြောင်းဟုလည်း ဆိုသည်။ 

စစ်​ကောင်စီတပ်၏ ပစ်ခတ်​သော လက်နက်ကြီးများ​​ကြောင့် ကျေးရွာအချို့မှ ​လူနေအိမ်​များ ထိခိုက်ပျက်စီးသွားသလို အရပ်သားပြည်သူ ၃ဦးလည်း ​သေဆုံးခဲ့​သည်။ ဘုန်းကြီးတစ်ပါး၏ ​ခြေ​ထောက်၌လည်း လက်နက်ကြီး ထိမှန်သဖြင့်စစ်​ဆေးရုံတွင် ဆေးကုသမှုခံယူ​နေရ​ကြောင်း သိရသည်။ 

​ကေအိုင်​​အေ သည် မိုး​မောက်မြို့နယ်ရှိ စစ်​ကောင်စီတပ်စခန်းများကို ယ​နေ့ ဝင်​ရောက်တိုက်ခိုက်ခဲ့သလို စစ်​ကောင်စီတပ်များကလည်း အ​လောဘွမ်စစ်စခန်းဘက်ကို ဂျက်​လေယာဥ်၊ လက်နက်ကြီး​များ၊ ခြေလျှင်တပ်​များဖြင့် တိုက်ခိုက်​နေပြီး၊ အ​လောဘွမ်သွားရာလမ်း​များတွင် တိုက်ပွဲဖြစ်ပွား​နေဆဲဖြစ်​ကြောင်း သိရသည်။

မိုး​မောက်မြို့တွင်လည်း ယခုအချိန်ထိ ​သေနတ်သံ​များ တစ်ချက်တစ်ချက် ကြား​နေရဆဲဖြစ်​ကြောင်း ​ဒေသခံများက ဆိုသည်။


Kachinwaves

https://www.facebook.com/kachinwavesnews

မိုး​မောက်တိုက်ပွဲ စစ်​ကောင်စီလက်နက်ကိုင်များ ကျရှုံးမှုများဟု​ဆို မိုး​မောက်တိုက်ပွဲ စစ်​ကောင်စီလက်နက်ကိုင်များ ကျရှုံးမှုများဟု​ဆို Reviewed by THITHTOOLWIN on 19:57 Rating: 5

No comments:

Powered by Blogger.