ဖိလစ်မင်းသားကြီး ကွယ်လွန်ကြောင်း ဘာကင်ဟမ်နန်းတော်ကြေညာ

Prince Philip, Duke of Edinburgh

ဗြိတိသျှ ဘုရင်မကြီး ဒုတိယမြောက် အဲလစ်ဇဘက်ရဲ့ ကြင်ရာတော် အက်ဒင်ဘာရာ မြို့စား ဖိလစ်မင်းသားကြီးဟာ သက်တော် ၉၉ နှစ်အရွယ်မှာ နတ်ရွာစံသွားပြီ ဖြစ်တယ်လို့ ဘာကင်ဟမ် နန်းတော်က ကြေညာလိုက်ပါတယ်။

ဖိလစ်မင်းသားနဲ့ အဲလစ်ဇဘက် မင်းသမီးတို့ဟာ ၁၉၄၇ ခုနှစ်မှာ ထိမ်းမြားလက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ထပ်ပြီး ၅ နှစ် အကြာမှာ အဲလစ်ဇဘက် ဘုရင်မကြီး နန်းတက်ခဲ့တာ ဖြစ်တာကြောင့် ဖိလစ်မင်းသားကြီးဟာ ဗြိတိသျှ သမိုင်းမှာ သက်တမ်းအရှည်ဆုံး ကြင်ရာတော် ဖြစ်ပါတယ်။

ဘက်ကင်ဟန်နန်းတော်က ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ "ဘုရင်မကြီးအနေနဲ့ ပူဆွေးဝမ်းနည်းစွာနဲ့ပဲ သူ့ရဲ့ ကြင်ရာတော်ခင်ပွန်းသည် အက်ဒင်ဘာရာမြို့စား မင်းသားကြီးဖိလစ် အနိစ္စရောက်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။

"မင်းသားကြီးဟာ ဒီမနက်မှာပဲ ဝင်ဆာရဲတိုက်မှာ အေးချမ်းငြိမ်သက်စွာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်" လို့ဖော်ပြထားပါတယ်။

သူတို့ ဇနီးမောင်နှံမှာ ရင်သွေး မင်းသား ၃ ပါးနဲ့ မင်းသမီး ၁ ပါးထွန်းကားခဲ့ကာ မြေးတော် နဲ့ မြစ်တော်ပေါင်း ၁၀ ပါး ရှိပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-56691559

ဖိလစ်မင်းသားကြီး ကွယ်လွန်ကြောင်း ဘာကင်ဟမ်နန်းတော်ကြေညာ  ဖိလစ်မင်းသားကြီး ကွယ်လွန်ကြောင်း ဘာကင်ဟမ်နန်းတော်ကြေညာ Reviewed by THITHTOOLWIN on 21:00 Rating: 5

No comments:

Powered by Blogger.