လူ၂ သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ သတင်းကြောင့် ကုလအထူးကိုယ်စားလှယ် ထိတ်လန့်တုန်လှုပ်


မြန်မာစစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေအတွင်း လူ ၂ သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ် ဆိုတဲ့ သတင်းကြောင့် အထူး ထိတ်လန့် တုန်လှုပ်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ်က သူ့ရဲ့ တွစ်တာမှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်တဲ့ ပြည်သူ ၇၃၇ ဦးမက သတ်ဖြတ်ခံခဲ့ရပြီး လူပေါင်း ၃၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

လူသားချင်းဆိုင်ရာ ဘေးဒုက္ခကြီးကို အမြန်ဆုံး တားဆီးဖြေရှင်းကြဖို့ ကမ္ဘာ့နိုင်ငံတွေကို သူက တိုက်တွန်းလိုက်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

လူ၂ သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ သတင်းကြောင့် ကုလအထူးကိုယ်စားလှယ် ထိတ်လန့်တုန်လှုပ်  လူ၂ သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ သတင်းကြောင့် ကုလအထူးကိုယ်စားလှယ် ထိတ်လန့်တုန်လှုပ် Reviewed by THITHTOOLWIN on 22:13 Rating: 5

No comments:

Powered by Blogger.