စစ်ကောင်စီကျဆုံးရေး ပုဂံလူထုရဲ့ဆန္ဒပြပွဲ

ဝန်းရံသူတွေနဲ့ ပုဂံလူထုရဲ့စစ်ကောင်စီကျဆုံးရေးဆန္ဒဖော်ထုတ်ပွဲ

အမျိုးသားညီညွတ်ရေးအစိုးရကိုထောက်ခံကြောင်းလည်း ပြသခဲ့ကြ


ရှေးဟောင်းမြို့တော် ပုဂံမှာတော့ အာဏာသိမ်းစစ်ကောင်စီကျဆုံးရေးကို ဒေသခံပြည်သူ ၁၀၀ ကျော်စုပေါင်းပြီး ဒီကနေ့ ဧပြီလ ၂၃ ရက် မနက်ပိုင်းမှာ ပြုလုပ်သွားပါတယ်။

ဖမ်းဆီးခံထားရတဲ့သူတွေ ပြန်လွှတ်ပေးရေး၊ ဒီမိုကရေစီရရှိရေးနဲ့ အကြမ်းဖက်စစ်ကောင်စီ ကျဆုံးရေး စတဲ့ ကြွေးကြော်သံတွေနဲ့အတူ မြို့တွင်းလှည့်လည်ပြီး ဆန္ဒပြခဲ့ကြတာလို့ ပါဝင်သူတွေက ပြောပါတယ်။

ဒီဆန္ဒပြပွဲမှာပဲ CRPH က ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ထောက်ခံ ကြိုဆိုတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လမ်းတလျှောက် လူထုပူးပေါင်းပါဝင်တဲ့ပုဂံက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲ


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

စစ်ကောင်စီကျဆုံးရေး ပုဂံလူထုရဲ့ဆန္ဒပြပွဲ  စစ်ကောင်စီကျဆုံးရေး ပုဂံလူထုရဲ့ဆန္ဒပြပွဲ Reviewed by THITHTOOLWIN on 22:16 Rating: 5

No comments:

Powered by Blogger.