ကေအဲန်ယူ - ထိန်းချုပ်နယ်မြေများအတွင်းသို့ အကြမ်းဖက်စစ်အုပ်စုတို့၏ ဂျက်လေယာဥ်များ နေ့တိုင်းလာရောက်ထောက်လှမ်း


၁၉ ဧပြီလ ၂၀၂၁ ခုနှစ်

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေများအတွင်းသို့ အကြမ်းဖက်စစ်အုပ်တို့သည် စစ်လေယာဥ်များဖြင့် နေ့တိုင်းလာရောက်ထောက်လှမ်းမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံပြည်သူလူထုများ၏ ပြောပြချက်အရ သိရှိခဲ့ရပါသည်။ ဤသို့ အကြမ်းဖက်စစ်အုပ်စုတို့၏ လေယာဥ်များ လာရောက် ပျံဝဲမှုပြုလုပ်သောကြောင့် ဒေသခံပြည်သူလူထုများသည် ထိန့်လန့်ကြောက်ရွံ့ပြီး အစဥ်တစိုက်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။

ထို့သို့ လေယာဥ်များဖြင့် လာရောက်ခြောက်လန့်ပြီးဒေသခံပြည်သူများ ထိတ်လန့်ကြောက်ရွံ့၍ ထွက်ပြေးတိမ်းရှောင်နေသောအချိန်တွင် အကြမ်းဖက်စစ်အုပ်စု၏ မြေပြင်တပ်များသည် ရွာထဲသို့ဝင်လာကာ ပြည်သူလူထု၏ ဆန် နှင့် အခြားသော စားနပ်ရိက္ခာများကို ခိုးယူမှုများပြုခဲ့ကြပါသည် ဟုလည်း ဒေသခံပြည်သူများ၏ ပြောပြချက်အရ သိရှိခဲ့ရပါသည်။


Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ/

ကေအဲန်ယူ - ထိန်းချုပ်နယ်မြေများအတွင်းသို့ အကြမ်းဖက်စစ်အုပ်စုတို့၏ ဂျက်လေယာဥ်များ နေ့တိုင်းလာရောက်ထောက်လှမ်း ကေအဲန်ယူ  - ထိန်းချုပ်နယ်မြေများအတွင်းသို့ အကြမ်းဖက်စစ်အုပ်စုတို့၏ ဂျက်လေယာဥ်များ နေ့တိုင်းလာရောက်ထောက်လှမ်း Reviewed by THITHTOOLWIN on 21:02 Rating: 5

No comments:

Powered by Blogger.