မနက်၆နာရီမှနေ့လည်၁နာရီအထိတမူးမြို့ရပ်ကွက်များအတွင်းရှိခံတပ်အတားအဆီးအများစုကိုစစ်ကောင်စီတပ်များဖြိုခွင်းရှင်းလင်းခဲ့


တမူးမြို့တွင်းရှိ ရပ်ကွက် ၃ ခု ရှိခံတပ်အတားအဆီးများကိုစစ်ကောင်စီတပ်ဖွဲ့၀င်များက မနက် ၆ နာရီကစကာ နေ့လည် ၁ နာရီလိုက်လံဖြိုခွင်းရှင်းလင်းခြင်းကြောင့်ခံတပ်စခန်းအတားအဆီးအများစုကိုရှင်းလင်းခဲ့ကြောင်းသိရသည်။

စစကောင်စီတပ်ဖွဲ့၀င်များ၏အင်အားအဆမတန်များပြားခြင်းကြောင့်တမူးမြို့လုံခြုံရေးအဖွဲ့အနေဖြင့်နောက်ဆုတ်ခဲ့ရသည်ဟု၄င်းတို့၏လူမူကွန်ရက်တွင်ဖော်ပြထားသည်။

ဆေးရုံ၊စျေးဆိုင်တန်းများအတွင်း၀င်ရောက်လုယက်နှိပ်စက်ခြင်း၊အိမ်ထဲအထိ၀င်ရောက်ဖမ်းဆီးနှိပ်စက်ကာလူတချို့ကိုပြန်လွှတ်ပေးသော်လည်းပြန်မလွှတ်ပေးပဲဖမ်းဆီးခံရသူ ၁၀ ဦး၀န်းကျင်ရှိနိုင်ကြောင်းတမူးမြို့ခံ၁ဦးထံကသိရသည်။

" တမူးမှာ ရပ်ကွက် ၄ ခုမှာ မြို့မရပ်ကွက်ကလွဲရင် ကျန်တဲ့ရပ်ကွက် ၃ ခုမှာမနက်ကတည်းကစစ်တပ်ကလှည့်ပစ်နေတာ၊စော်ဘွားရပ်ကွက်ကတော့အဆိုးဆုံးပဲ၊အိမ်တအိမ်ကို၀င်ဖမ်းတာ ၈ ယောက်လောက်ရှိမယ်၊နောက် လမ်းမှာ ဖမ်းပြီး ဓာတ်တိုင်ကြိုးချည်ဖမ်းတာကော ၊စျေးဆိုင်တချို့ဖျက်တာကော၊Grace ဆေးရုံထဲမှာသူနာပြုကိုရိုက် အဲ့က ကလေး တယောက်ကိုဖမ်းခေါ်သွားတာလည်းပြန်မလွှတ်သေးဘူးကြားတယ်၊ ၁၀ ယောက်လောက်ရှိမယ်ထင်တယ် ၊ လမ်းမှာ၂ နှစ်အရွယ်ကလေးကျည်မှန်တယ်လို့ကြားတယ်ဒါတော့ကြားတာပေါ့ စစ်သားတွေကမနက် ၆ နာရီကနေစပစ်တာ နေ့လည် ၁နာရီလောက်မှ ငြိမ်သွားတယ် ၊ ရပ်ကွက်တိုင်းကခံတပ်အကြီးတခုကောအသေးတွေကောအတားအဆီးတွေအတော်များများကိုလည်းဖျက်ဆီးရှင်းလင်းသွားတယ်"ဟုတမူးမြို့ခံကပြောသည်။

တမူးမြို့အာရှလမ်းမပေါ်တွင်သံချပ်ကာယာဥ်များအပါအ၀င်စစ်ကား အစီး ၁၂ စီး၊ဘူဒိုဇာယာဥ်များနှင့်စစ်ကောင်စီတပ်ဖွဲ့၀င်များစွာတပ်စွဲထားပြီးလမ်းပေါ်ထွက်လာသူမှန်သမျှကိုလိုက်လံပစ်ခတ်နေ၍လမ်းပေါ်ထွက်လာသူဘယ်သူမှမရှိပဲအိမ်ထဲတွင်ပြည်သူများကြောက်လန့်ပုန်းခိုနေကြောင်းသိရသည်။


Chin World

https://www.facebook.com/Chin-World-167011980026853

မနက်၆နာရီမှနေ့လည်၁နာရီအထိတမူးမြို့ရပ်ကွက်များအတွင်းရှိခံတပ်အတားအဆီးအများစုကိုစစ်ကောင်စီတပ်များဖြိုခွင်းရှင်းလင်းခဲ့ မနက်၆နာရီမှနေ့လည်၁နာရီအထိတမူးမြို့ရပ်ကွက်များအတွင်းရှိခံတပ်အတားအဆီးအများစုကိုစစ်ကောင်စီတပ်များဖြိုခွင်းရှင်းလင်းခဲ့ Reviewed by THITHTOOLWIN on 20:02 Rating: 5

No comments:

Powered by Blogger.