ပဲခူးမှာ အလောင်းပြန်လာယူတဲ့ မိသားစုတွေဆီကနေ ငွေကျပ် တစ်သိန်းနှစ်သောင်း စစ်တပ်နဲ့ ရဲတောင်းနေ



ဧပြီလ ၉ ရက်နေ့က ပဲခူးမြို့မှာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုကြောင့် သေဆုံး သွားရတဲ့သူတွေရဲ့ အလောင်းတွေကို မိသားစုတွေက သဂြိုလ်ဖို့ ပြန်ထုတ်ယူချင်တယ်ဆိုရင် တစ်ယောက်ကို ငွေကျပ် တစ်သိန်း နှစ်သောင်းပေးရမယ်လို့ စစ်တပ်နဲ့ရဲက တောင်းခံလို့ ပေးလိုက်ရ တဲ့အကြောင်း သပိတ်ခေါင်းဆောင်တွေ၊ လူမှုကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။

ဒီလိုငွေတောင်းတဲ့အကြောင်း ပြန်မပြောဖို့ကိုလည်း မိသားစုတွေကို ခံဝန်ကတိထိုးခိုင်းတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ညနေ ပိုင်းမှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

အခုအကြောင်းနဲ့ပတ်သက်လို့ မိသားစုတွေကိုကူညီနေတဲ့ အမည်မဖော်လိုတဲ့ ပဲခူးမြို့သား တစ်ယောက်ကို RFA ဝိုင်းတော်သား ကိုစောဖိုးခွား ဆက်သွယ်မေးမြန်းထားတာနားဆင်နိုင်ပါတယ်။

RFA Burmese






ပဲခူးမှာ အလောင်းပြန်လာယူတဲ့ မိသားစုတွေဆီကနေ ငွေကျပ် တစ်သိန်းနှစ်သောင်း စစ်တပ်နဲ့ ရဲတောင်းနေ ပဲခူးမှာ အလောင်းပြန်လာယူတဲ့ မိသားစုတွေဆီကနေ ငွေကျပ် တစ်သိန်းနှစ်သောင်း စစ်တပ်နဲ့ ရဲတောင်းနေ Reviewed by THITHTOOLWIN on 19:22 Rating: 5

No comments:

Powered by Blogger.