ယူကေဆိုင်ရာ မြန်မာသံအမတ်ဟောင်းကို အိမ်ပေါ်က ဆင်းပေးဖို့ စာပို့

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ယူကေ၊ မြန်မာသံအမတ်၊ စစ်အာဏာသိမ်း

တာဝန်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ယူကေဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းကို သူနေထိုင်နေတဲ့ သံအမတ်အိမ်ကနေ ဆင်းပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက စာပေးပို့ အကြောင်းကြားလိုက်ပါတယ်။

ဦးကျော်စွာမင်းကို သံအမတ်ရာထူးကနေ ဧပြီလ ၇ ရက်နေ့ကတည်းက ထုတ်ပယ်ခဲ့ပြီး ဖြစ်ကြောင်းနဲ့ ဦးကျော်စွာမင်း နေနေတဲ့ အိမ်နဲ့ အိမ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေ၊ သံအမတ် သုံးဖို့ ပေးထားတဲ့ မော်တော်ယာဉ်နဲ့ သံရုံးသုံးယာဉ်တွေ၊ ဆက်သွယ်ရေးသုံးပစ္စည်းတွေ၊ သံရုံး အရေးပေါ်ဆောင်ငွေတွေ၊ ရုံးစာရွက်စာတမ်း၊ ကွန်ပြူတာနဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် နိုင်ငံတော်ပိုင်ပစ္စည်းတွေကို ဧပြီလ ၁၅ ရက် မတိုင်ခင် နောက်ဆုံးထား အပ်နှံရမယ်လို့ အဲဒီစာထဲမှာ ဖော်ပြထားပါတယ်။

ဒီလိုဆောင်ရွက်ဖို့ ပျက်ကွက်ရင် ဥပဒေနဲ့အညီ တရားစွဲဆို အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

လန်ဒန်မြို့ မြန်မာသံရုံးကို စစ်သံမှူးနဲ့အဖွဲ့ ဝင်ရောက် ထိန်းချုပ်ခဲ့အပြီးမှာ စစ်ကောင်စီက ဦးကျော်စွာမင်းကို သံအမတ်တာဝန်ကနေ ရပ်စဲလိုက်

BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ယူကေဆိုင်ရာ မြန်မာသံအမတ်ဟောင်းကို အိမ်ပေါ်က ဆင်းပေးဖို့ စာပို့  ယူကေဆိုင်ရာ မြန်မာသံအမတ်ဟောင်းကို အိမ်ပေါ်က ဆင်းပေးဖို့ စာပို့ Reviewed by THITHTOOLWIN on 06:26 Rating: 5

No comments:

Powered by Blogger.