လူ ၅၃ ဦးပါ အင်ဒိုရေတပ် ရေငုတ်သင်္ဘောပျောက်ဆုံး

လူ ၅၃ဦးပါ အင်ဒိုရေတပ် ရေငုတ်သင်္ဘောပျောက်ဆုံး

အင်ဒိုနီးရှားရေတပ်က လူ ၅၃ ဦးပါ ရေငုပ်သင်္ဘောတစ်စင်း ဒီကနေ့မနက်မှာပျောက်ဆုံးသွားတာကြောင့် အိမ်နီးချင်း သြစတေးလျနိုင်ငံနဲ့ စင်္ကာပူကို အကူအညီတောင်းပြီး ရှာဖွေနေတယ်လို့ အင်ဒိုနီးရှားစစ်ဖက်အကြီးအကဲက ပြောပါတယ်။

ဂျာမဏီနိုင်ငံလုပ် KRI Nanggala-420 ရေငုပ်သင်္ဘောဟာ ဘာလီကျွန်းမြောက်ဖက်ရေပြင်နယ်နိမိတ်ထဲမှာ စစ်ရေးလေ့ကျင့်နေတာဖြစ်တယ်လို့လည်း ရေတပ်ပြောခွင့်ရသူက ပြောပါတယ်။

ဒီကနေ့မနက် ၄ နာရီခွဲလောက်မှာ သင်္ဘောနဲ့နောက်ဆုံးအဆက်အသွယ်ရခဲ့ပြီး ပျောက်ဆုံးနေတဲ့ရေငုပ်သင်္ဘောကို သြစတေးလျနဲ့ စင်္ကာပူနိုင်ငံရဲ့အကူအညီနဲ့ဝိုင်းရှာနေတယ်လို့လည်း စစ်ဖက်အကြီးအကဲ Hadi Tjahjanto ကအတည်ပြု ပြောဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သြစတေးလျနဲ့ စင်္ကာပူနိုင်ငံ ကာကွယ်ရေးဌာနကို မေးမြန်းခဲ့ပေမယ့် ချက်ချင်းအကြောင်းပြန်တာမရှိသေးပါဘူး။

အလေးချိန် ၁၃၉၅ တန်ရှိတဲ့ ဒီရေငုပ်သဘောကို ၁၉၇၈ ခုနှစ်မှာ ဂျာမန်တို့တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်က တောင်ကိုရီးယားနိုင်ငံမှာ ၂ နှစ်ကြာ ပြန်လည်ပြင်ဆင်မွွမ်းမံထားတာဖြစ်တယ်လို့ အင်ဒိုနီးရှား ကက်ဘိနက်ဝန်ကြီးများရုံးအဖွဲ့ရဲ့အင်တာနက်စာမျက်နှာမျာ ဖော်ပြထားပါတယ်။ 


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/indonesia-searching-for-missing-submarine/5861345.html

လူ ၅၃ ဦးပါ အင်ဒိုရေတပ် ရေငုတ်သင်္ဘောပျောက်ဆုံး လူ ၅၃ ဦးပါ အင်ဒိုရေတပ် ရေငုတ်သင်္ဘောပျောက်ဆုံး Reviewed by THITHTOOLWIN on 22:06 Rating: 5

No comments:

Powered by Blogger.