မိုးမောက်မှာ လက်နက်ကြီးကျည် ရွာထဲကျလို့ ၂ ဦး သေဆုံးမှု ဖြစ်ပွား



ရန်ကုန်၊ ဧပြီ ၁၂၊ ၂၀၂၁

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲမှာ တပ်မတော်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဧပြီ ၁၁ ရက်ညက လက်နက်ကြီးကျည် ရွာထဲကျပေါက်ကွဲတာကြောင့် လူ ၂ ဦးသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သတင်းရပါတယ်။

မိုးမောက်မြို့နယ် နတ်မိုးကျေးရွာက အမျိုးသမီး ၁ ဦးနဲ့ ရွှေမြောင်း ကျေးရွာက အမျိုးသား ၁ ဦး သေဆုံးပြီး အခြား ၁ ဦး ခြေထောက်မှာ ကျည်မှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ကုန်းလောကျေးရွာရဲ့ ဘုန်းကြီးကျောင်းအရှေ့က မဏ္ဍပ်လည်း လက်နက်ကြီး ကျပြီး ပျက်စီးသွားပေမယ့် လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

“ည ၁ နာရီလောက်မှာ လက်နက်ကြီးတွေ ဆက်တိုက် ပစ်တော့တာပဲ။ မီးကျည်တန်းတွေ ကောင်းကင်မှာ မြင်နေရတယ်။ မြေကြီးတွေခါ (တုန်ခါ)၊ ကြောက်စရာကြီး”လို့ ဒေသခံ ၁ ဦးက ပြောပြပါတယ်။

ကုန်လောကျေးရွာ အနောက်ဘက်မှာ တပ်မတော် တပ်စခန်းကို KIA က ချုံခိုပစ်ခဲ့လို့ တပ်က လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်တာလို့ လည်း ဆိုပါတယ်။

မတ်လ နောက်ဆုံးအပတ်က တပ်မတော် စိုးမိုးကုန်းဖြစ်တဲ့ အလောဘွမ် တပ်စခန်းကို KIA က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် တပ်က ထိုးစစ် ဆင်ပြီး ပြန်လည် တိုက်ခိုက်နေတဲ့အတွက် မိုးမောက်မြို့နယ်နဲ့ ဗန်းမော် မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ပြောဆိုကြပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

မိုးမောက်မှာ လက်နက်ကြီးကျည် ရွာထဲကျလို့ ၂ ဦး သေဆုံးမှု ဖြစ်ပွား မိုးမောက်မှာ လက်နက်ကြီးကျည် ရွာထဲကျလို့ ၂ ဦး သေဆုံးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:09 Rating: 5

No comments:

Powered by Blogger.