(၂၁/၄/၂၀၂၁)
စစ်ရာဇဝတ်ကောင်နဲ့ အာဏာသိမ်းခေါင်းဆောင် မအလ ရဲ့ သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေထဲက တခုကို ရိုးမဘဏ်က ကျပ် (၂) ဘီလျံနီးပါးထုတ်ချေးခဲ့တယ်လို့ Justice For Myanmar က သတင်းထုတ်ပြန်ထားပါတယ်။
ခင်သီရိသက်မွန်ပိုင်တာတွေထဲက တခုဖြစ်တဲ့ Pinnacle Asia ကုမ္ပဏီကို Mytel မိုဘိုင်းဖုန်းတာဝါတိုင်တွေတည်ဆောက်ရေးအတွက်ဆိုပြီး ငွေထုတ်ချေးခဲ့တာပါ။ အမေရိကန်က စီးပွါးရေးပိတ်ဆို့တဲ့ မတ်လထဲမှာ မအလရဲ့သမီးဟာ ကုမ္ပဏီပိုင်ရှင်အမည်ကို တခြားတစ်ယောက်အမည်နဲ့ပြောင်းထားတယ်ဆိုပါတယ်။
စစ်ရာဇဝတ်ကောင်ရဲ့ သားသမီးကို ငွေထုတ်ချေးတဲ့ ရိုးမဘဏ်ကို ရူတ်ချကြောင်းနဲ့ ရိုးမဘဏ်မှာ အစုပါဝင်တဲ့နိုင်ငံတကာအစုရှယ်ယာရှင်တွေအနေနဲ့ အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့ Justice For Myanmar အဖွဲ့က တောင်းဆိုထားပါသည်။
Burma News Network
စစ်ရာဇဝတ်ကောင်ရဲသမီးကို ကျပ် ဘီလျံချီ ထုတ်ချေးတဲ့ ရိုးမ ဘဏ်ကို အရေးယူဖို့ တောင်းဆို
Reviewed by THITHTOOLWIN
on
21:21
Rating:
No comments:
Post a Comment