မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးအပါအဝင် ၃ဦးကို ထောင် ၃နှစ်စီ အမိန့်ချ

ရန်ကုန်၊ဧပြီ ၂၂-၂၀၂၁

ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ မှော်ဘီနည်းပညာတက္ကသိုလ်ကျောင်းသူ မရွှန်းလဲ့မြရွှေပါ သုံးဦးကို ဒီနေ့ ဧပြီ ၂၂ရက်နေ့မှာ အင်းစိန်ထောင်တွင်းဖွင့်ထားတဲ့ ယာယီတရားရုံးက ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချမှတ်ခဲ့တယ်လို့ မှော်ဘီနည်းပညာကျောင်းသားတွေဆီက သိရပါတယ်။

မရွန်းလဲ့မြရွှေအပါအဝင် အဲ့ဒီ ၃ ဦးဟာ ဧပြီလ ၆ရက်နေ့က မြောက်ဒဂုံ ၄၁ရပ်ကွက်မှာ ပြုလုပ်တဲ့ သပိတ်စစ်ကြောင်းအတွင်း ဖမ်းဆီးခံရပြီးနောက် အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။

"၆ရက်နေ့က ဖမ်းတယ် ဒီနေ့ပဲ သုံးဦးလုံးကို ထောင်သုံးနှစ်စီ အမိန့်ချတယ်။ ယောက်ျားလေး တစ်ယောက်၊ မိန်းကလေးနှစ်ယောက်ပါ" လို့ မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်သားတစ်ဦးက VOM ကို ပြောပါတယ်။



အေးချမ်းသူ(VOM)

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews/

မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးအပါအဝင် ၃ဦးကို ထောင် ၃နှစ်စီ အမိန့်ချ မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးအပါအဝင် ၃ဦးကို ထောင် ၃နှစ်စီ အမိန့်ချ Reviewed by THITHTOOLWIN on 20:35 Rating: 5

No comments:

Powered by Blogger.