မိုးမောက်ကတိုက်ပွဲတွေကြောင့် အရပ်သား ၅ ဦး သေဆုံး

တိုက်ပွဲကြောင့် လက်နက်ထိမှန်ပြီး ပျက်စီးသွားသည့် မြို့သစ်က နေအိမ်တစ်လုံး

ကချင်ပြည်နယ်ထဲက မိုးမောက်မြို့နယ်မှာပါတဲ့ မြို့သစ်၊ ကုန်းလော၊ မခွယ်၊ စီဟက်ရွာတွေမှာ ဧပြီလ ၁၁ ရက်တိုက်ပွဲတွေကြောင့် အနည်းဆုံးအရပ်သား ၅ ဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ မြို့သစ်က ကလေးမိခင်တစ်ဦးနဲ့ မခွယ်က တစ်ဦး ပါဝင်တယ်လို့ ဒေသခံတွေက ဘီဘီစီကို အတည်ပြုပါတယ်။

လက်နက်ကြီးတွေပါ ပါတဲ့တိုက်ပွဲ ဘယ်ကနေဘယ်လိုစဖြစ်တယ်ဆိုတာကို မသိသေးပေမဲ့ ကချင်ပြည်နယ်ဟာ KIA နယ်ဖြစ်လို့ KIA နဲ့ တပ်ကြားက တိုက်ပွဲဖြစ်နိုင်တယ်လို့ နယ်ခံတွေက ယူဆပါတယ်။

တိုက်ပွဲကြောင့် အိမ်နီနားချင်းတွေရဲ့အိမ်တွေ ပျက်စီးတာ သုံးလေးအိမ်လောက်ရှိပြီး စိုးရိမ်ရတဲ့ဒဏ်ရာရသူ ၃ ဦးထက်မနည်းရှိတယ်လို့ လက်ရှိမှာ တိုက်ပွဲလွတ်ရာပြေးပုန်းနေရသူတစ်ဦးက ပြောပါတယ်။

''လေယာဉ်သံတွေကြားလို့ရှိရင် ကိုယ်သေပြီလို့တောင်ထင်ရတယ်။ ဘာလို့လဲဆို ကိုယ်အိမ်အောက်မှာနေတာတောင် လေယာဉ်တွေက သွပ်ပေါ်မှာ ကပ်ပြီး ပျံသွားသလို အသံကျယ်တယ်။ သူ့လေဟပ်သံတွေက မဝေးဘူးလို့ ထင်ရတယ်။ အဲလိုအချိန်ဆို ဒီတစ်ခါတော့ သေပြီ။ မိုးလင်းတာတောင် မမြင်ရတော့မှာမဟုတ်ဘူးလို့ တွေးတဲ့အထိ ကြောက်ခဲ့ရတယ်'' လို့ တိုက်ပွဲရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

မိုးမောက်မြို့နယ်ထဲက မြို့သစ်မှာ ဒီနေ့ ဧပြီလ ၁၂ ရက် မွန်းလွဲ ၂ နာရီအထိ လေယာဉ်တွေ ပျံနေဆဲလို့ အဲဒီက ဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

မိုးမောက်ကတိုက်ပွဲတွေကြောင့် အရပ်သား ၅ ဦး သေဆုံး  မိုးမောက်ကတိုက်ပွဲတွေကြောင့် အရပ်သား ၅ ဦး သေဆုံး Reviewed by THITHTOOLWIN on 19:16 Rating: 5

No comments:

Powered by Blogger.