ဗိုလ်ချုပ်ရာပြည့် အပါအဝင် တပ်ထိပ်ပိုင်းခေါင်းဆောင် (၁၁)ဦးကို ထိန်းသိမ်းထားခြင်းမရှိဟု ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြား


ဧပြီ ၂၁ရက် ၂၀၂၁

တပ်ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး ရာပြည့် အပါအဝင် (၁၁)ဦးကို ထိန်းသိမ်းထားခြင်း မရှိဟု အကြမ်းဖက် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဂျပန်သတင်းဌာနကို ဖြေကြားခဲ့သည်။

ယမန်နေ့ (ဧပြီ ၂၀)ရက်တွင် ဗိုလ်ချုပ်ကြီး ရာပြည့်အပါအဝင် တပ်မတော် ခေါင်းဆောင် (၁၁)ဦးသည် တပ်တွင်း ပုန်ကန်မှုဖြင့် အကျယ်ချုပ် ထိန်းသိမ်းထားပြီး၊ မိသားစုဝင်များ၊ ကိုယ်ရေးအရာရှိ ဒရိုင်ဘာများကိုပါ ပြင်ပ နှင့်အဆက်အသွယ် ဖြတ်ထားကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတင်းပျံ့နှံ့ခဲ့သည်။

ထိုသတင်းများသည် ကောလဟာလ ဖြစ်ကြောင်း၊ ထိုသူများကို ထိန်းသိမ်းထားခြင်း မရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း က  Nikkei Asia သတင်းဌာနကို  ဖြေကြားခဲ့သည်။

"သူတို့တွေ နေပြည်တော်မှာ ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်များနေကြတယ်"ဟု Nikkei Asia သတင်းဌာနကို ဗိုလ်ချုပ်ဇော်မင်းထွန်းက  ဖြေကြားထားသည်။

အာဏာသိမ်း စစ်ကောင်စီဘက် မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ပြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ( အငြိမ်းစား) ၊ ဒုတိယ ဗိုလ်ချုပ်မင်းနောင်၊ တြိဂံတိုင်း စစ်ဌာနချုပ် ကျိုင်းတုံ တိုင်းမှူး နှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လားရှိုးတိုင်းမှူး တို့ သည်  ဧပြီ ၇ ရက်တွင် “UWSA” တပ်ဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

ထို့ပြင်   ဧပြီ ၈ ရက်တွင် SSPP/SSA နှင့် တွေ့ဆုံရန် အတွက် ဌာနချုပ် တွင်  ရဟတ်ယာဉ်လာရောက် ပျံသန်းသဖြင့်SSPP တပ်သားမှ သေနတ် ပစ်ခတ်လိုက်ရခြင်းကြောင့် ဗိုလ်ချုပ်ကြီးရာပြည့် နှင့် အတူလိုက်ပါလာသည့် အရာရှိ (၂)ဦး  ကျည်ထိမှန်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီ သည် ဖေဖော်ဝါရီ (၁)ရက်နေ့မှ စတင်ပြီး နိုင်ငံတော်အာဏာကို လုယူကာ ၊ စစ်အာဏာရှင် အလိုမရှိ ဆန့်ကျင်ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့သည့်မှာ (၇၃၈)ဦးထိရှိလာပြီဖြစ်ကြောင်းသိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

ဗိုလ်ချုပ်ရာပြည့် အပါအဝင် တပ်ထိပ်ပိုင်းခေါင်းဆောင် (၁၁)ဦးကို ထိန်းသိမ်းထားခြင်းမရှိဟု ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြား ဗိုလ်ချုပ်ရာပြည့် အပါအဝင် တပ်ထိပ်ပိုင်းခေါင်းဆောင် (၁၁)ဦးကို ထိန်းသိမ်းထားခြင်းမရှိဟု ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြား Reviewed by THITHTOOLWIN on 21:07 Rating: 5

No comments:

Powered by Blogger.