ယင်းမာပင်မြို့နယ် သီးကုန်းရွာအနီးပစ်ခတ်မှု ၉ ဦးသေဆုံး


ပြီးခဲ့တဲ့တစ်ပတ်အတွင်း ကနီအပိုင် လည်ရှည်ရွာမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်တွေသုံးခဲ့တဲ့ကျည်ခွံတွေ

ယင်းမာပင်မြို့နယ် သီးကုန်းရွာအနီး ဧပြီလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်တွေလက်နက်ကြီးနဲ့ လာရောက် ပစ်ခတ်မှုကြောင့် ရွာသား ၉ဦး သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသူ နယ်ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဧပြီလ ၂၀ ရက်နေ့ ညနေ ၅ နာ ရီခွဲကနေ ၆ နာရီခွဲ ခန့် အထိ မြေပြင်မှာထောင်ပစ်တဲ့ စိန်ပြောင်းတွေနဲ့ ရွာကိုပစ်ခတ်ခဲ့တာဖြစ်ပြီး သစ်ရာပင်နဲ့ သီးကုန်းလမ်းခွဲ အကြားက ကပိုင်ရွာကို ပစ်ခတ်တာလို့လည်းသူကပြောပါတယ်။

လက်နက်ကြီးနဲ့ အချက်ပေါင်း ၅၀ ထက်မနည်း ပစ်ခတ်သွားတယ်လို့လည်း ရွာခံတွေကပြောပါတယ်။

သေဆုံးသူ ၉ ဦးဟာ အမျိုးသားတွေဖြစ်ပြီးတော့ သီးကုန်းရွာသား ၄ ဦး ၊ကြိုပင် ရွာသား ၂ ဦး၊ မိုးကောင်းရွာသား ၃ ဦးဖြစ်ပြီးတော့ အလောင်းတွေ အားလုံးရရှိထားတယ်လို့လည်း သူကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကား ၁၃ စီး ၊စစ်သား အင်အား ၂၀၀ ခန့်နဲ့ လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီးတော့ အခုလိုပစ်ခတ်မှု ကြောင့် သီးကုန်း ကပိုင် ဝင်းကုန်း စတဲ့ ရွာတွေအပါအဝင် ရွာပေါင်း ၁၂ ရွာလောက်လူတွေ ရွာတွေကနေ ထွက်ပြေးနေရကြောင်း လည်းရွာခံတွေကပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ယင်းမာပင်မြို့နယ် သီးကုန်းရွာအနီးပစ်ခတ်မှု ၉ ဦးသေဆုံး  ယင်းမာပင်မြို့နယ် သီးကုန်းရွာအနီးပစ်ခတ်မှု ၉ ဦးသေဆုံး Reviewed by THITHTOOLWIN on 23:46 Rating: 5

No comments:

Powered by Blogger.