ယင်းမာပင် သီးကုန်းရွာအနီး စစ်ကောင်စီတပ်တွေ တပ်စွဲပြီး ရှာဖွေမှုတွေလုပ်နေ

အလောင်းတော်ကဿပဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-သပိတ်ဆေးဘုရား ရာသီလမ်းဖွင့်ပွဲ

ယင်းမာပင်မြို့နယ် သီးကုန်းရွာအနီး စစ်ကောင်စီတပ်တွေဟာ တပ်စွဲနေပြီး ရွာအတွင်း ဧပြီ ၂၀ ရက် အခုညပိုင်းရှာဖွေမှုတွေလုပ်နေတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း သီးကုန်း၊ကပိုင်ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုအပြီးမှာ ရွာအနီးတပ်စွဲကာရှာဖွေမှုတွေလုပ်နေတာဖြစ်တယ်လို့ သူကပြောပါတယ်။

အခုပစ်ခတ်မှုတွေကြောင့် ရွာသား သေဆုံး ၉ ဦး သေဆုံးခဲ့တယ်လို့ ရွာခံတစ်ဦးက ဘီဘီစီကိုပြောခဲ့ပါတယ်။

ရွာသားတွေကို ပစ်ခတ်ရာမှာ နယ်ခံတစ်ဦးကိုလမ်းပြအဖြစ်ခေါ်သွားပြီး ဒရုန်းအသုံးပြုပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သူတို့ကပြောပါတယ်။

ကပိုင် နဲ့ ဝင်းကုန်း‌ကျေးရွာတွေဟာ အလောင်းတော်ကသာပ အနီးကျေးရွာတွေဖြစ်ပြီး မုံရွာကနေ ကားနဲ့ ၂ နာရီကျော် မောင်းရကြောင်း ကပိုင်ရွာ ကျော်တာနဲ့ တောထဲကိုစရောက်တာဖြစ်ပြီး ကပိုင်ဟာ ဆက်သွယ်ရေးခက်ခဲတဲ့တောစပ်က ရွာဖြစ်တယ်လို့ မုံရွာမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ယင်းမာပင် သီးကုန်းရွာအနီး စစ်ကောင်စီတပ်တွေ တပ်စွဲပြီး ရှာဖွေမှုတွေလုပ်နေ ယင်းမာပင် သီးကုန်းရွာအနီး စစ်ကောင်စီတပ်တွေ တပ်စွဲပြီး ရှာဖွေမှုတွေလုပ်နေ Reviewed by THITHTOOLWIN on 23:45 Rating: 5

No comments:

Powered by Blogger.