စစ်ဆေးမှုတွေကြားကပြုလုပ်ခဲ့တဲ့စစ်ကိုင်းသပိတ်


စစ်ကိုင်းမြို့မှာတော့ အစစ်အဆေးတွေကြားကပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်မသပိတ်စစ်ကြောင်းကို လူထုက ဒီနေ့ ဧပြီလ ၂၃ ရက်မှာ ဆိုင်ကယ်သပိတ် အနေနဲ့ ဆန္ဒထွက်ပြခဲ့ကြပါတယ်။

မြို့တွင်းက ငါးထပ်ကြီး၊ ကောင်းမှုတော် တဝိုက်နဲ့ မြို့အဝင် အဝိုင်းပတ်မှာ စစ်ကောင်စီဘက်က စောင့်ကြည့်တာတွေရှိသလို စစ်ကိုင်းတံတားအဝင်မှာလည်း ယာဉ်တွေရပ်ခိုင်းပြီး စစ်ဆေးတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဧပြီလ ၂၁ ရက်တုန်းကတော့ စစ်ကိုင်းပင်မ သပိတ်စစ်ကြောင်းထွက်ခွါဖို့ လူစုချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်ဝတ်၊အိမ်စီးကား‌တွေနဲ့ ဖြိုခွဲခဲ့ပါတယ်။

အဲ့ဒီသပိတ်ကနေ လူငယ် ၂ ဦးဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက နည်းပညာတက္ကသိုလ်ကျောင်းသားဟောင်း မိုးဟိန်းကျော်ဟာ ထောင်ဒဏ် ၃ လချမှတ်ခံခဲ့ရတယ်လို့ ပင်မသပိတ်မှာပါဝင်သူတစ်ဦးထံက‌နေ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

စစ်ဆေးမှုတွေကြားကပြုလုပ်ခဲ့တဲ့စစ်ကိုင်းသပိတ်  စစ်ဆေးမှုတွေကြားကပြုလုပ်ခဲ့တဲ့စစ်ကိုင်းသပိတ် Reviewed by THITHTOOLWIN on 22:17 Rating: 5

No comments:

Powered by Blogger.