ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂနာ ၂၀၁၈ ခုနှစ်က စစ်တွေမြို့ကို ရောက်ရှိလာစဉ်

မြန်မာနိုင်ငံအရေး ဆွေးနွေးမယ့် အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲကြီးမတိုင်ခင် အာဆီယံ ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတီး ဘာဂနာ မနက်ဖြန် ကြာသပတေးနေ့မှာ ဂျာကာတာမြို့ကို သွားရောက်မယ်လို့ သူ့နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက် ၃ ခုထံက သိရကြောင်း ရိုက်တာစ်သတင်းမှာ ဖော်ပြထားပါတယ်။

မစ္စ ဘာဂနာဟာ စနေနေ့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကိုတော့ တက်ရောက်မှာ မဟုတ်ဘဲ သီးသန့်ဆွေးနွေးပွဲတွေ လုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ဖြိုခွဲမှုတွေအတွင်း လူ ၇ ရာကျော် သေဆုံးခဲ့ရအပြီးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံအရေးကို ကြားဝင်ဖြေရှင်းဖို့အတွက် လာမယ့် စနေနေ့ ဧပြီလ ၂၄ ရက်နေ့မှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒီထိပ်သီးဆွေးနွေးပွဲကိုသေချာပေါက် တက်ရောက်မယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြောင်း Nikkei Asia ဂျပန်သတင်းဌာနမှာ ဖော်ပြထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ Reviewed by THITHTOOLWIN on 22:12 Rating: 5

No comments:

Powered by Blogger.