အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်သူ လူငယ်တချို့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ခိုလှုံဖို့ ပြင်ဆင်နေကြ

စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ဆင်နွှဲနေတဲ့လူငယ်များ။

စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တက်တက်ကြွကြွပါဝင်နေကြတဲ့ လူငယ် ကျောင်းသားတွေကို အာဏာပိုင်တွေဘက်က ဖမ်းဆီးမှုတွေ အရှိန်မြှင့် လုပ်နေချိန်မှာ တချို့က တိမ်းရှောင်နေရသလို တချို့လည်း တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိရာနေရာတွေအထိ သွားရောက် တိမ်းရှောင်ဖို့ ကြိုးစားလာကြပါတယ်။

ZAWGYI/UNICODE စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တက်တက်ကြွကြွပါဝင်နေကြတဲ့ လူငယ် ကျောင်းသားတွေကို အာဏာပိုင်တွေဘက်က ဖမ်းဆီးမှုတွေ အရှိန်မြှင့် လုပ်နေချိန်မှာ တချို့က တိမ်းရှောင်နေရသလို တချို့လည်း တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိရာနေရာတွေအထိ သွားရောက် တိမ်းရှောင်ဖို့ ကြိုးစားလာကြပါတယ်။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးမှာပါ

စစ်အုပ်ချုပ်မှုအပေါ် ဆန့်ကျင်သပိတ်တွေမှာ ဦးဆောင်နေသူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေက လိုက်လံရှာဖွေ ဖမ်းဆီးနေတာကြောင့် အိမ်တွေမှာ မနေထိုင်ရဲတော့ပဲ တိမ်းရှောင်နေကြရပါတယ်။ ပြည်တွင်းမှာ တိမ်းရှောင်ဖို့ အခက်အခဲတွေရှိနေတာကြောင့် လုံခြုံတဲ့နေရာတွေမှာ သွားရောက်ခိုလှုံဖို့အထိ ကြိုးစားလာကြတယ်လို့ တက်ကြွလှုပ်ရှားတဲ့ကျောင်းသူတဦးက အခုလိုပြောပြပါတယ်။

"ဖမ်းနေတယ်ကျောင်းသားခေါင်းဆောင်တွေသပိတ်ခေါင်းဆောင်တွေကိုလိုက်ဖမ်းတယ်သတင်းပေးတဲ့သူရှိရင် နံမည်တွေနဲ့ အိမ်တွေမှာလိပ်စာတွေနဲ့ကိုလိုက်ဖမ်းနေတယ်အင်တာနက်မှာလူသိများတဲ့သူရှိရင်လည်းလိုက်ဖမ်းတာရှိတော့ အခုက ကိုယ့်အိမ်မှာနေလို့မရဘူး ရှောင်နေရတာရှိတယ် ရပ်ကွက်ကကောင်းတာရှိသလို့မကောင်းတဲ့ရပ်ကွက်တွေလည်းရှိတယ်တချို့ကတော့ သတင်းပေးတဲ့ရပ်ကွက်တွေလည်းရှိတယ် တချို့အိမ်တွေကလက်ခံချင်ပေမယ့်လည်း လက်မခံရဲတဲ့အိမ်တွေလည်းရှိတယ် အခုက ထွက်ဖို့အတွက်က လုံခြုံတဲ့နေရာတွေမှာသွားခိုလှုံဖို့အတွက်လုပ်နေကြတယ်။"

နိုင်ငံထဲမှာ ရတဲ့နည်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်သွားဖို့ လူငယ်တွေ ကြိုးစားနေကြသလို တချို့ကတော့ တိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေကိုသွားပြီး စစ်အုပ်ချုပ်ရေးကောင်စီကိုပြန်တိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်တွေလည်းရှိနေကြတာပါ ဒါပေမယ့် လက်နက်ကိုင်နယ်မြေတွေကို သွားမယ့်လမ်းတွေမှာလည်း ဒီရက်ပိုင်းအတွင်းအစစ်အဆေးတွေများပြီး ၀ရမ်းထုတ်ခံရသူတွေ ပါမပါ စစ်ဆေးရေးဂိတ်တွေမှာ မှတ်ပုံတင်တွေနဲု့တိုက်ပြီးစစ်ဆေးနေတာတွေလည်းရှိနေပါတယ်။ ပြည်တွင်းမှာ ဆက်နေရင် အဖမ်းခံရမယ့် အခြေအနေမှာ အဖမ်းခံမယ့်အစား တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေဆီ သွားကြဖို့ တချို့က ဆုံးဖြတ်ကြတာပါ။ ဒါပေမဲ့ လမ်းခရီးမှာ အခက်အခဲတွေနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။

"အခု သွားဖို့လုပ်ထားတာက တိုင်းရင်းသားလက်နက်ကိုင်တွေဆီကိုသွားဖို့လုပ်ထားတယ်ရတယ် အခုက လမ်းမှာလည်း မှတ်ပုံတင်တွေလည်းစစ်နေတယ် စစ်ဆေးဂိတ်တွေအများကြီးဖြတ်ပြီးသွားရတယ် သွားနေရင်းနဲ့ဖုန်းတွေလည်းစစ်တယ် တိုင်းရင်းသားလက်နက်ကိုင်တွေဆီသွားဖို့ကလမ်းမှာအခက်အခဲတွေရှိတယ် ကျမရဲ့သူငယ်ချင်းတချို့လည်း တိုင်းရင်းသားလက်နက်ကိုင်တွေဆီကို သွားကြတာရောက်သွားကြတယ်ဆိုတာကျမသတင်းသိရတယ် ထပ်ပြီးသွားကြမယ့်သူတွေလည်းရှိတယ်"

ကရင်ပြည်နယ်၊ ကချင်ပြည်နယ် ရှမ်းပြည်နယ် ရခိုင်ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေဆီကို နီးစပ်ရာအဆက်သွယ်တွေနဲ့ သြားကြတာပါ။ ကရင်ပြည်နယ ်ကေအန်ယူ ထိန်းချုပ်ထားတဲ့ တပ်မဟာအသီးသီးကနေရာတွေမှာလည်း မြန်မာပြည်တွင်းက တက်ကြွလှုပ်ရှားသူတွေ အကြမ်းမဖက် အာဏာဖီဆန်တဲ့လှုပ်ရှားမူ(CDM)မှာပါဝင်သူတွေကို ခိုလှုံခွင့်ပေးထားတယ်လို့ ကေအန်ယူခေါင်းဆောင်တွေက ပြောပါတယ် ဒီရက်ပိုင်းအတွင်းမှာတော့ ပဲခူး ကလေး တမူးစတဲ့ မြို့ကြီးတချို မှာ စစ်အုပ်ချုပ်ရေးကောင်စီက သေနတ်တွေနဲ့ပစ်ခတ်မူ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်မူတွေကြောင့်ဆန္ဒပြလှုပ်ရှားမူမှာပါဝင်သူတွေ အများအပြားသေဆုံးခဲ့ကြပါတယ်။

တချို့နေရာတွေမှာ လူထုဘက်ကလည်း ပြန်လည်ခုခံတိုက်ခိုက်မူတွေကြောင့် စစ်ကောင်စီဘက်က သေဆုံးမူတွေလည်းရှိနေတာပါ ။ အခုဆိုရင်တော့ အာဏာသိမ်းပြီး ၂လကျော်အတွင်း စစ်ကောင်စီက ပစ်ခတ်မူ့ကြောင့် မြန်မာပြည်တဝှမ်းလုံးမှာသေဆုံး သူ ၇၀၀ကျော်ရှိသွားပြီဖြစ်သလို၊ ဖမ်းဆီးထိမ်းသိမ်းခံထားရသူ ၃၀၀၀ ကျော်ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်း ထုတ်ပြန်ထားပါတယ်။


မအေးအေးမာ/ VOA Burmese

https://burmese.voanews.com/a/5849716.html

အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်သူ လူငယ်တချို့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ခိုလှုံဖို့ ပြင်ဆင်နေကြ အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်သူ လူငယ်တချို့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ခိုလှုံဖို့ ပြင်ဆင်နေကြ Reviewed by THITHTOOLWIN on 20:44 Rating: 5

No comments:

Powered by Blogger.