စစ်အာဏာသိမ်းပြီး ၈၁ ရက်မှာ သေဆုံးသူ ၇၃၉ ဦးရှိပြီလို့ AAPP ထုတ်ပြန်


စစ်အာဏာသိမ်းပြီး ၈၁ ရက်မှာ သေဆုံးသူ ၇၃၉ ဦးရှိပြီလို့ AAPP ထုတ်ပြန်

စစ်အာဏာသိမ်းပြီး ၈၁ ရက်အတွင်း သေဆုံးသူ ၇၃၉ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မနေ့ ဧပြီ ၂၂ ရက်နေ့အထိ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ပစ်ခတ်မှုကြောင့်သေဆုံးသူ ၂၄၀ ဦးရှိတယ်လို့ ဧပြီ ၁၉ ရက် ည ၈ နာရီသတင်းမှာကြေညာခဲ့ပါတယ်။

အဲဒီလူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရန်ပြုတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်သာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြန်လည် ပစ်ခတ်ခဲ့ရတာလို့ ဆိုပါတယ်။

ဆန္ဒပြနေစဉ် ရောဂါနဲ့ သေဆုံးခဲ့သူတွေ ရှိခဲ့ပြီး အဲဒီထဲမှာ နှလုံးရောဂါနဲ့ ၄ ဦး၊ ကိုဗစ်ရောဂါနဲ့ သေဆုံးသူ တစ်ဦး ပါဝင်တယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြကြတဲ့သူတွေဟာ အကြမ်းဖက် နှိမ်နင်းခံခဲ့ကြရပါတယ်။သေဆုံးသူတွေထဲမှာ လူငယ်တွေအများအပြားပါဝင်သလို တချို့က အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေပါ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းက မြို့တွေမှာ ပြည်သူတချို့က လမ်းပေါ်မှာ၊ တချို့က အိမ်ထဲမှာတောင် ပစ်သတ်ခံရတာတွေ ရှိပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

စစ်အာဏာသိမ်းပြီး ၈၁ ရက်မှာ သေဆုံးသူ ၇၃၉ ဦးရှိပြီလို့ AAPP ထုတ်ပြန်  စစ်အာဏာသိမ်းပြီး ၈၁ ရက်မှာ သေဆုံးသူ ၇၃၉ ဦးရှိပြီလို့ AAPP ထုတ်ပြန် Reviewed by THITHTOOLWIN on 21:57 Rating: 5

No comments:

Powered by Blogger.