တောင်ကြီး-မတ် ၂-၂၀၂၁
ဒီကနေ့ နေ့လယ်ပိုင်းက တောင်ကြီးမြို့ မြင်းရုပ်အနီးက Cafe Morning Sun လက်ဖက်ရည်နဲ့စားသောက်ဆိုင်ကို ရဲတပ်ဖွဲ့များက ဆိုင်ခြံတံခါးကို ဖျက်ဆီးဝင်ရောက်ခဲ့ပြီး ဆိုင်ပိုင်ရှင်အပါအဝင် ဆိုင်အတွင်းမှာရှိနေတဲ့ ပြည်သူအယောက်၃၀ ကျော်ခန့်ကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် tablet တွေဖျက်ဆီးတာ ၊ဖုန်းတွေသိမ်းဆည်းတာလုပ်ပြီး CCTV တွေလည်း ဖြုတ်သွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးသွားသူတွေကို ဘယ်မှာထိမ်းသိမ်းထားတယ်ဆိုတာမသိသေးလို့ အဖမ်းခံထားရသူတွေရဲ့ မိသားစုဝင်တွေက လိုက်ရှာနေဆဲဖြစ်ပါတယ်။
နေနန်းနွယ် (VOM )
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တောင်ကြီး Morning Sun Cafe ရဲ့တံခါးတွေဖျက်ဝင်ပြီး လူ၃၀ ကျော်ကို ဖမ်းဆီးသွား
Reviewed by THITHTOOLWIN
on
00:48
Rating:
No comments:
Post a Comment