အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးက ဝန်ထမ်း ၈၀ ကျော် CDM မှာပါဝင်



ဒီမိုကရေစီနည်းကျ ဆန္ဒမဲပေးခဲ့ကြတဲ့ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုပြီး အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင် ဦးဆောင်တဲ့စစ်ကောင်စီလက်အောက်မှာဆက်လက်တာဝန်မထမ်းဆောင်လိုတာကြောင့် CDM လှုပ်ရှားမှုမှာ ဖေဖော်ဝါရီ ၈ ရက်တည်းက ပါဝင်နေတာဖြစ်တယ်လို့ ကော်မရှင်ဝန်ထမ်း ၈၅ ဦးက မတ်လ ၅ ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီလို CDM လုပ်နေသူတွေကို ရုံးပြန်တက်ဖို့အပါအဝင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနဲ့အညီ အရေးယူမယ်လို့ အကြောင်းကြားလာတယ်လို့ဆိုပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရလက်အောက်တွင်သာ တာဝန်ပြန်လည်ထမ်းဆောင်သွားမှာဖြစ်ပြီး ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ကို မည်သည့်ထွက်ဆိုချက်မှပေးမှာမဟုတ်ဘူးလို့လည်းဖော်ပြထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးက ဝန်ထမ်း ၈၀ ကျော် CDM မှာပါဝင်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးက ဝန်ထမ်း ၈၀ ကျော် CDM မှာပါဝင် Reviewed by THITHTOOLWIN on 19:56 Rating: 5

No comments:

Powered by Blogger.