ကလေးမှာသပိတ်ဖြိုခွင်းခံရမှု ဒဏ်ရာရသူတွေရှိ

 

ကလေးမြို့မှာ ဒီနေ့မတ်လ ၂ ရက်မနက်ပိုင်း ၁၀ နာရီခွဲခန့်က စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲကို အင်အားသုံးဖြိုခွင်းခဲ့တာကြောင့် အနည်းဆုံး ၇ ဦးဒဏ်ရာရပြီး နှစ်ဦးမှာ စိုးရိမ်ရတယ်လို့ လူနာတွေကို ကုသပေးနေတဲ့ဆရာဝန်တစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ရင်ဘတ်နဲ့ ဝမ်းဗိုက်ကို ထိမှန်သူနှစ်ဦးက စိုးရိမ်ရပြီး ပေါင်ကိုထိမှန်သူနှစ်ဦးကတော့ စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေကို အနီးနားက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာ ကုသပေးနေကြောင်းနဲ့ ယခုအခါ ကလေးမြို့လုံခြုံရေးကို တပ်လက်ထဲ လွှဲအပ်လိုက်တယ်လို့ ကြေညာနေတဲ့အသံတွေကိုလည်း ကြားရကြောင်းကလေးမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

ကလေးမှာသပိတ်ဖြိုခွင်းခံရမှု ဒဏ်ရာရသူတွေရှိ  ကလေးမှာသပိတ်ဖြိုခွင်းခံရမှု ဒဏ်ရာရသူတွေရှိ Reviewed by THITHTOOLWIN on 23:28 Rating: 5

No comments:

Powered by Blogger.