တောင်တွင်းကြီးမြို့နယ်တွင်သွေးမြေကျခဲ့ရပြီ


တောင်တွင်းကြီးမြို့နယ် ၊ ဆတ်သွားကျေးရွာအုပ်စု ၊ ဆတ်သွား အမှတ် ( ၅ ) ရပ်ကွက်နေ ( ဘ ) ဦးစိုးဝင်း + ( မိ ) ​ဒေါ်သင်းသင်းခိုင် တို့၏ သား ကိုသီဟဇော် ၊ အသက် ( ၁၆ ) နှစ် သည် ယနေ့ မတ်လ ( ၂ ) ရက် ညနေ ( ၅ ) နာရီခွဲ အချိန်ခန့်က လူသတ် လက်နက်ကိုင် စစ်အာဏာရှင် လူတစ်စု ( အကြမ်းဖက်အုပ်စု ) လက်ပါးစေအချို့၏ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာဖြင့် သေဆုံးကြောင်း ကိုယ်စိတ် နှလုံး မချမ်းမြေ့ဖွယ် ကြားသိရပါသည် ။

တာဝန် အရ ဖြစ်စေ...

မိမိကိုယ်၌ လူသတ် လက်နက်ကိုင် အကြမ်းဖက် လူသတ်လိုစိတ်များဖြစ်ပေါ်နေသည်ဖြစ်စေ....

မိမိလက်၌ ကိုင်ဆောင် အသုံးပြုနေသော လူသတ် လက်နက်ဖြင့် ပစ်ခတ် သတ်ဖြတ်ရန် ချိန်ရွယ်လိုက်သောသူ သည် မိမိတို့၏ အမိ ၊ အဖ ၊ သား ၊ သမီး ၊ ညီ ၊ ညီအစ်မ ၊ ဆွေမျိုးသားချင်းများ ၊ အပေါင်းအသင်းများသာဖြစ်လျှင် ငါတို့သည် ရက်စက် ကြမ်းကြုတ်စွာ ပစ်ခတ် သတ်ဖြတ်ရန် ဆုံးဖြတ်ချက် အလွယ်တစ်ကူ ချမှတ်ကာ ကြက်ငှက်ကလေးများကို ပစ်ခတ် သတ်ဖြတ်သကဲ့သို့ အလွယ်တကူ ပစ်ခတ် သတ်ဖြတ်ရန် လုပ်ဆောင်နိုင်ပါသလားဟု ... လူစိတ်ဝင်... လူလို တွေးကာ...လူလို ဆုံးဖြတ် လုပ်ဆောင်နိုင်ကြပါစေ....ကြောင်း...

ဒီမိုကရေစီတိုက်ပွဲအတွင်းကျဆုံးခဲ့ရသော...

ညီလေး....

ကောင်းရာဘုံဘဝရောက်ရှိပါစေ...

#လူသတ်လက်နက်ကိုင်စစ်အာဏာရှင်စနစ်အမြန်ဆုံးကျရှုံးပါစေ..


Bo Pyae Taungdwingyi

https://www.facebook.com/bopyae.taungdwingyi

တောင်တွင်းကြီးမြို့နယ်တွင်သွေးမြေကျခဲ့ရပြီ တောင်တွင်းကြီးမြို့နယ်တွင်သွေးမြေကျခဲ့ရပြီ Reviewed by THITHTOOLWIN on 05:53 Rating: 5

No comments:

Powered by Blogger.