နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတကြီးတို့ကို ICRC က တွေ့နိုင်အောင် CRPH လုပ်ဆောင်မယ်

 

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦး၀င်းမြင့် အပါအ၀င် စစ်အာဏာသိမ်းကောင်စီက ဖမ်းဆီးထားတဲ့ သူတွေအားလုံးကို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ICRC က တွေ့ဆုံ ဆက်သွယ်နိုင်ဖို့ လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အဖမ်းဆီးခံထားရသူတွေကို ဘယ်မှာ ထားထားလဲ ကအစ၊ သူတို့ရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လို ရှိနေတယ် ဆိုတာတွေကို ICRC က တဆင့် သိနိုင်ဖို့ ဒီကနေ့ ၂၅ ရက်၊ ကြာသပတေးနေ့မှာ စတင်လုပ်ဆောင်မယ် ဆိုပြီး CRPH အဖွဲ့က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတကြီးတို့ဟာ ပုဒ်မအသီးသီးတပ်ပြီး စွပ်စွဲထားပေမယ့်၊ ရှေ့နေနဲ့ တွေ့ခွင့်လည်း စစ်ကောင်စီက မပေးပါဘူး။

နေအိမ်တွေမှာ ထားထားတယ် ဆိုတဲ့ စကားမျိုးကလွဲပြီး စစ်အာဏာသိမ်းပြီး ကတည်းက နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတကြီးတို့ကို စစ်ကောင်စီက လူအများ မြင်ကွင်းရှေ့ကနေ ဖျောက်ထားတာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတကြီးတို့ကို ICRC က တွေ့နိုင်အောင် CRPH လုပ်ဆောင်မယ်  နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတကြီးတို့ကို ICRC က တွေ့နိုင်အောင် CRPH လုပ်ဆောင်မယ် Reviewed by THITHTOOLWIN on 07:56 Rating: 5

No comments:

Powered by Blogger.