စစ်အစိုးရကို ထိရောက်စွာအရေးယူဖို့ ကုလသမဂ္ဂကို Generation Z တောင်းဆို


မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေလုပ်နေတဲ့ စစ်အစိုးရ အပေါ် ပြင်းထန်ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို GenZ 21 Myanmar က တောင်းဆိုလိုက်ပါတယ်။ 

GenZ 21 Myanmar ကနေ မြန်မာပြည်သူတွေကိုယ်စား ကုလသမဂ္ဂကို ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ သဘောထားကြေညာချက်တွေထက် အာဏာသိမ်းစစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဖို့ တောင်းဆိုထားပါတယ်။ 

ဖေဖော်ဝါရီ ၂၆ ရက် သောကြာနေ့မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ အလွတ်သဘော ဆွေးနွေးဖို့ ရှိနေပြီး၊ ဒီဆွေးနွေးပွဲမတိုင်ခင် GenZ 21 Myanmar ကနေ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာပါ။  

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ ဥက္ကဋ္ဌ Charles Santiago ကလည်း - မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းချိန်ကစလို့ အာဆီယံက နှုတ်ဆိတ်နေတဲ့အပေါ် ဝေဖန်လိုက်ပါတယ်။ 

အာဆီယံပဋိဉာဉ်ကိုချိုးဖောက်တဲ့ မြန်မာစစ်တပ်ရဲ့လုပ်ရပ်ကို တုံ့ပြန်ဖို့အတွက် အသင်းဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကြားမှာ ဆောင်ရွက်နေတာမရှိဘူးလို့လည်း မနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ထောက်ပြခဲ့ပါတယ်။

မနက်ဖြန် သောကြာနေ့မှာပြုလုပ်မယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂနာ (Christine Burgener) က အစီရင်ခံတင်ပြဖို့ ရှိပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

စစ်အစိုးရကို ထိရောက်စွာအရေးယူဖို့ ကုလသမဂ္ဂကို Generation Z တောင်းဆို စစ်အစိုးရကို ထိရောက်စွာအရေးယူဖို့ ကုလသမဂ္ဂကို Generation Z တောင်းဆို Reviewed by THITHTOOLWIN on 21:33 Rating: 5

No comments:

Powered by Blogger.