Generation Z ရဲ့ ဆန်းသစ်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို ကမ္ဘာကလည်း သတိပြု

Generation Z ရဲ့ ဆန်းသစ်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို ကမ္ဘာကလည်း သတိပြုနေ

မြန်မာပြည်ထဲ လက်ရှိဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေမှာ၊ တကမ္ဘာလုံး အာရုံစိုက် သတိထား မိနေတာကတော့ ဒစ်ဂျစ်တယ်ခေတ် မျိုးဆက် Generation Z တွေရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်ခေတ်၊ မိုဘိုင်းလက်ကိုင်ဖုန်းခေတ်ရဲ့မျိုးဆက် Generation Zလူငယ်တွေဟာ မြို့တွေရဲ့လမ်းမတွေပေါ် ထွက်လာကြပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးကို ဆန်းသစ်တဲ့ ချဥ်းကပ်မှုတွေနဲ့ ဦးဆောင်မောင်းနှင် နေကြပါတယ်။

ဒီအချိန်မှာပဲ အင်တာနက်ဖြတ်တောက်တာတွေ၊ ဆိုရှယ်မီဒီယာသုံးစွဲခွင့် ပိတ်ပင်တာတွေကို အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်လာတဲ့အတွက်၊ ဒစ်ဂျစ်တယ်အမှောင်ခေတ်ကို ပြန်သွားနေပြီဆိုတဲ့ ပြစ်တင်သံတွ ပြည်တွင်းပြည်ပမှာ ထွက်ပေါ်နေပါတယ်။

ဒစ်ဂျစ်တယ်အမှောင်ခေတ် ကျစေရုံမက၊အများပြည်သူကို ဖမ်းဆီးအရေးယူရာမှာ လက်နက်သဖွယ် အသုံးချနိုင်တဲ့ ဥပဒေတစ်ရပ် ထွက်လာဖို့လည်း မြန်မာစစ်တပ် ကြိုးစားနေတယ်လို့၊ လှုပ်ရှားတက်ကြွသူတွေ ပြောနေကြပါတယ်။

ကွန်ပျုတာနည်းပညာ၊ အင်တာနက်ဆက်သွယ်ရေး အခန်းကဏ္ဍတွေကို ထိန်းချုပ်မယ့် ဆိုက်ဘာလောဆိုတဲ့ ဥပဒေပြဌာန်းနိုင်ဖို့ စစ်တပ်ကလုပ်ဆောင်နေတာကို ရည်ရွယ်ပြောဆိုတာ ဖြစ်ပါတယ်။

-ရဲနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ ဘာတွေလိုက်နာသင့်လဲ

- ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အစိုးရဖွဲ့ဖို့ပြင်

အဲဒီဥပဒေမူကြမ်းနဲ့ ပတ်သက်တဲ့ သဘောထားမှတ်ချက် တောင်းခံစာကိုဝန်ကြီးဌာနတွေနဲ့ အခြားအဖွဲ့အစည်း(၁၆) ခုထံ ပေးပို့ထားတယ်ဆိုပြီး၊ဆိုက်ဘာဥပဒေကြမ်း လက်ခံရထားတဲ့ အဖွဲ့အစည်းတစ်ခုက ဘီဘီစီကိုအတည်ပြုပြောပါတယ်။

မူကြမ်းလက်ခံရထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့၊ လာမယ့်တနင်္လာနေ့နောက်ဆုံးထားပြီး သူတို့ရဲ့သဘောထားမှတ်ချက်တွေကို ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာနထံ အကြောင်းပြန်ဖို့ ညွှန်ကြားခံထားရပါတယ်။

အဲဒီဥပဒေကြမ်းကို ရေးဆွဲသူတွေဟာ အများပြည်သူက အပ်နှင်းတဲ့ အာဏာကို ရရှိထားသူ အစိုးရက ခန့်အပ်ထားတာ မဟုတ်တဲ့အတွက် တရားမဝင်ဘူးလို့ အရပ်ဖက်အဖွဲ့အစည်း တစ်ရာကျော်က ထုတ်ပြန်ကန့်ကွက်ထားပါတယ်။

ဥပဒေကြမ်းပါအချက်တွေဟာ အများပြည်သူရဲ့ အွန်လိုင်းပေါ်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံပိုင်ခွင့်အပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကိုလည်း ဆိုးရွားစွာ ချိုးဖောက် နေတယ်လို့ အရပ်ဘက် အဖွဲ့တွေက ပြောနေပါတယ်။

အာဏာသိမ်းစစ်တပ်ကို အွန်လိုင်းပေါ် ဆန့်ကျင်ရေးသား၊ လှုပ်ရှားနေမှုတွေကို ကန့်သတ်ဖို့ အဲဒီ ဥပဒေကို ရည်ရွယ်လုပ်ဆောင်ထားတာ ဖြစ်တယ်လို့လည်း ၀ေဖန် နေကြပါတယ်။

၂၀၂၁ ဆန္ဒပြပွဲတွေရဲ့ အဓိက မောင်းနှင်အား Generation Z


BBC Burmese

https://www.bbc.com/burmese/live/burma-55990515

Generation Z ရဲ့ ဆန်းသစ်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို ကမ္ဘာကလည်း သတိပြု Generation Z ရဲ့ ဆန်းသစ်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို ကမ္ဘာကလည်း သတိပြု Reviewed by THITHTOOLWIN on 08:57 Rating: 5

No comments:

Powered by Blogger.