မြန်မာစစ်အာဏာသိမ်းမှုကို G 7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေ ပြစ်တင်ရှုံ့ချ

 

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုအပေါ် G7 အဖွဲ့ဝင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဥရောပသမဂ္ဂရဲ့အဆင့်မြင့်ကိုယ်စားလှယ်တို့က ပြစ်တင်ရှုံ့ချကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်းခြင်းနဲ့ မီဒီယာတွေကို ပစ်မှတ်ထားမှုတို့အပေါ်လည်း အလွန်အမင်းစိုးရိမ်ကြောင်း ဖေဖော်ဝါရီ ၃ ရက် နေ့စွဲနဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် စစ်တပ်က ကြေညာထားတဲ့ အရေးပေါ်အခြေအနေကိုချက်ချင်းရပ်တန့်ရန်၊ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်ပေးရန်၊ မတရားဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်ပေးရန်၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာရန်၊ နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကိုလေးစားပြီး လွှတ်တော်ကို အမြန်ဆုံးခေါ်ယူကျင်းပဖို့ လည်း တိုက်တွန်းထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55882493

မြန်မာစစ်အာဏာသိမ်းမှုကို G 7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေ ပြစ်တင်ရှုံ့ချ  မြန်မာစစ်အာဏာသိမ်းမှုကို G 7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေ ပြစ်တင်ရှုံ့ချ Reviewed by THITHTOOLWIN on 23:03 Rating: 5

No comments:

Powered by Blogger.