Facebook နဲ့ Instagram ပေါ်က မြန်မာစစ်တပ်စာမျက်နှာတွေအားလုံး ပိတ်ပင်ခံရ

ဖုန်းသုံးနေသူ အမျိုးသားတဦး။ (မတ် ၂၃၊ ၂၀၁၈)

Facebook နဲ့ Instagram လူမှုကွန်ယက်တွေပေါ်က မြန်မာစစ်တပ်ရဲ့ စာမျက်နှာတွေကို Facebook ကုမ္ပဏီက ပိတ်ပင်လိုက်ပါတယ်။ ဒါ့အပြင် စစ်တပ်ထိန်းချုပ်တဲ့ သတင်းမီဒီယာလုပ်ငန်းတွေအားလုံးနဲ့ စစ်တပ်နဲ့ဆက်နွယ်သမ ျှ စီးပွားရေးလုပ်ငန်းတွေရဲ့ ကြော်ငြာအားလုံးကို Facebook နဲ့ Instagram တို့ပေါ် တင်လို့မရအောင် တားမြစ်ပိတ်ပင်လိုက်တယ်လို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Facebook အနေနဲ့ မြန်မာနိုင်ငံက အခြေအနေကို အရေးပေါ် အခြေအနေအဖြစ် ဆက်လက်ကိုင်တွယ်နေပြီး Facebook သုံးစွဲသူတွေနဲ့ မြန်မာပြည်သူတွေရဲ့ လုံခြုံရေးအတွက် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်လုပ်နေတယ်လို့ အဲဒီကြေညာချက်မှာ ပြောထားပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ သေစေတဲ့အထိ အကြမ်းဖက်လုပ်ရပ်တွေလုပ်ခဲ့တာကြောင့် ခုလို ထားမြစ် ပိတ်ပင်မှုတွေလုပ်ဖို့ လိုအပ်တယ်လို့ Facebook ရဲ့ blog post မှာလည်း ရေးသားထားပါတယ်။ တပ်မတော်ကို Facebook နဲ့ Instagram ဆက်သုံးခွင့်ပေးထားရင် အန္တရာယ်သိပ်ကြီးတယ်လို့ ယုံကြည်ကြောင်း ရေးသားဖော်ပြထားပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ ဆန္ဒပြသူ နှစ် ဦး မန္တလေးမြို့မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သေဆုံးခဲ့ပြီးနောက်မှာလည်း တပ်မတော်သတင်းမှန် ပြန်ကြားရေးစာမျက်နှာကို Facebook က အပြီးဖျက်သိမ်း ဖယ်ရှားခဲ့ပါတယ်။ အကြမ်းဖက်မှုဖြစ်အောင် ထိခိုက်နစ်နာအောင် မလှုံ့ဆော်ရဆိုတဲ့ စည်းကမ်းကို အကြိမ်ကြိမ် ချိုးဖောက်တဲ့အတွက် ဖယ်ရှားလိုက်တာဖြစ်တယ်လို့ Facebook ကုမ္ပဏီပြောခွင့်ရက ပြောကြားခဲ့ပါတယ်။


VOA Burmese

https://burmese.voanews.com/a/facebook-instagram-bands-myanmar-military-from-its-platforms/5792262.html

Facebook နဲ့ Instagram ပေါ်က မြန်မာစစ်တပ်စာမျက်နှာတွေအားလုံး ပိတ်ပင်ခံရ Facebook နဲ့ Instagram ပေါ်က မြန်မာစစ်တပ်စာမျက်နှာတွေအားလုံး ပိတ်ပင်ခံရ Reviewed by THITHTOOLWIN on 20:07 Rating: 5

No comments:

Powered by Blogger.