တာမွေ အောင်မင်္ဂလာနဲ့ မအူကုန်းရပ်ကွက်ကို တပ်နဲ့ရဲပိတ်ဆို့ထား


တာမွေမြို့နယ် အောင်မင်္ဂလာရပ်ကွက်နှင့် မအူကုန်းရပ်ကွက်တို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်း၊ပိတ်ဆို့မှုတွေညနေပိုင်းက စတင်ပြုလုပ်နေတယ်လို့ အဲဒီကို ရောက်ရှိနေတဲ့ သတင်းထောက်တွေက သတင်းပေးပို့ပါတယ်။

အဲဒီနောက် ည ၈နာရီ ၂၀ မိနစ်အထိ ရပ်ကွက်တွေကို ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

ညနေပိုင်းမှာ စစ်ကောင်စီက ခန့်အပ်တဲ့ ရပ်ကွက် အုပ်ချုပ်ရေးခန့်အပ်တာ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းပြီးတဲ့နောက် အဲဒီလို ပိတ်ဆို့မှုတွေကို ပြုလုပ်ခဲ့တာပါ။



BBC Burmese

https://www.bbc.com/burmese/live/burma-56140135

တာမွေ အောင်မင်္ဂလာနဲ့ မအူကုန်းရပ်ကွက်ကို တပ်နဲ့ရဲပိတ်ဆို့ထား  တာမွေ အောင်မင်္ဂလာနဲ့ မအူကုန်းရပ်ကွက်ကို တပ်နဲ့ရဲပိတ်ဆို့ထား Reviewed by THITHTOOLWIN on 23:55 Rating: 5

No comments:

Powered by Blogger.