မုံရွာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးအများစု နှုတ်ထွက်



မုံရွာ၊ဖေဖော်ဝါရီ - ၂၅

မုံရွာမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး အများစုမှာ ယနေ့နှုတ်ထွက်စာတင်ကြောင်း ၎င်းတို့ထံမှ သိရသည်။

မြို့ပေါ်ရပ်ကွက် ၃၁ရပ်ကွက်တွင် မုံရွာဂေဇက်မှ စုံစမ်းရရှိမှု၌ ၂၉ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်ကြောင်း သတင်းရရှိသည်။

" ဒီစနစ်ကို မကြိုက်လို့ သမိုင်းမှာ တရားခံလည်းမဖြစ်ချင်ပါဘူး။ကျွန်တော်တို့ကလည်း ပြည်သူဖြစ်တဲ့အတွက် ပြည်သူတွေနဲ့တစ်သားတည်းရှိတယ်ဆိုတာ သိစေချင်လို့ပါ။ဘယ်သူမှ တိုက်တွန်းလို့မဟုတ်ပါဘူး။ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကိုယ့်ရဲ့နောက်သားသမီး​တွေ ၊မျိုးဆက်တွေအတွက် အခုလိုလုပ်ခဲ့တာပါ "ဟု အုပ်ချုပ်ရေးမှုးတစ်ဦးက ပြောသည်။

မုံရွာမြို့နယ်၊ ရပ်ကွက်အလိုက် ပြည်သူများ၏ ဆန္ဒခံယူခြင်းမရှိပဲ အုပ်ချုပ်ရေးမှုများကို ခန့်အပ်ခြင်းအား လက်မခံသဖြင့်  ရပ်ကွက်အချို့တွင် ဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်ခြင်းနှင့်ပတ်သက်၍  မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံဆက်သွယ်သော်လည်းပြန်လည် ဖြေကြားခြင်း မရှိပါ။

မုံရွာမြို့နယ်အတွင်း ရပ်ကွက်ပေါင်း ၃၁ခု  ၊ကျေးရွာအုပ်စုပေါင်း ၅၄ခု ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အချို့လည်း နှုတ်ထွက်မှုများ ရှိနေသည်။

#MonywaGazette #ရပ်ကွက်အုပ်ချုပ်ရေးမှူး















Monywa Gazette

https://www.facebook.com/monywagazette/

မုံရွာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးအများစု နှုတ်ထွက် မုံရွာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးအများစု နှုတ်ထွက် Reviewed by THITHTOOLWIN on 21:26 Rating: 5

No comments:

Powered by Blogger.