မုံရွာက အမျိုးသမီး သတင်းထောက်နှစ်ဦးကို ရဲက ခေါ်စစ်

ည ၁၀ နာရီကျော် အထိ ပြန်မလွှတ်သေး

မုံရွာမြို့ခံ အမျိုးသမီး သတင်းထောက်နှစ်ဦး ကို ရဲတပ်ဖွဲ့က ခေါ်စစ် နေတယ်လို့ မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။

အဲ့ဒီ အမျိုးသမီး နှစ်ဦးဟာ ဖေဖော်ဝါရီလ ၂၂ ရက်က မုံရွာမှာ ဖမ်းမိခဲ့တဲ့ သူတစ်ဦးကိုစစ်မေးတဲ့ အင်တာဗျူး ဗီဒီယိုနဲ့ ပတ်သက်ပြီး သူတို့ကို ခေါ်မေးတာလို့ ယူဆရကြောင်း မုံရွာမြို့ခံသတင်းသမားတစ်ဦးကပြောပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက် မနက်ကတည်းက ဒေါ်ခင်မေစန်းနဲ့ ဒေါ်တင်မာဆွေတို့ကို ရဲတပ်ဖွဲ့က မေးမြန်းဖို့ အတွက်ခေါ်ယူထားခဲ့တာ ဖြစ်ပြီး အခုည ၁၀ နာရီကျော်အထိ မုံရွာ မြို့မရဲစခန်းက ပြန်လည်လွှတ်ပေးခြင်းမရှိသေးပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

မုံရွာက အမျိုးသမီး သတင်းထောက်နှစ်ဦးကို ရဲက ခေါ်စစ်  မုံရွာက အမျိုးသမီး သတင်းထောက်နှစ်ဦးကို ရဲက ခေါ်စစ် Reviewed by THITHTOOLWIN on 23:04 Rating: 5

No comments:

Powered by Blogger.