ဒဂုံတောင်မှာ ရပ်ကွက်ကပိတ်ထားတဲ့ အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ရဲတပ်ဖွဲ့ လာဖွင့်

 

ဒဂုံမြို့သစ် တောင်ပိုင်း အမှတ်​ ၁၄၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ရဲယာဥ်တန်းကား လေးစီး၊ လက်နက်အပြည့်အစုံနဲ့ လာရောက်ပြီးရပ်ကွက်နေသူတွေက ပိတ်သိမ်းထားတဲ့ အုပ်ချုပ်ရေးမှူးရုံး တံခါးကို လာရောက်ဖွင့်လှစ်ခဲ့ပါတယ်။

စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လက်ခံနိုင်ဖို့ ရဲတပ်ဖွဲ့က ညနေ​ ၄ နာရီခန့်က​ ရုံးကို လာဖွင့်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို လာရောက်ဖွင့်လှစ်ရာမှာ အုပ်ချုပ်ရေးမှူး မပါရှိဘဲ ရဲတပ်ဖွဲ့ကပဲ လာရောက်ဖွင့်လှစ်တာ ဖြစ်ပါတယ်။ဖွင့်အပြီးမှာတော့ ရဲတပ်ဖွဲ့က ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

ဒါပေမဲ့ ရပ်ကွက်နေသူတွေက စုရုံးရောက်ရှိလာပြီး အဲဒီရုံးတံခါးကို သူတို့ကိုယ်ပိုင်သော့တွေနဲ့ ထပ်မံပိတ်သွားပါတယ်။

အဲဒီနောက် ခန့်ထားခံရတဲ့ အုပ်ချုပ်ရေးမှူးနေအိမ်ရှေ့မှာ စုဝေးဆန္ဒပြနေကြပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ဒဂုံတောင်မှာ ရပ်ကွက်ကပိတ်ထားတဲ့ အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ရဲတပ်ဖွဲ့ လာဖွင့်  ဒဂုံတောင်မှာ ရပ်ကွက်ကပိတ်ထားတဲ့ အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ရဲတပ်ဖွဲ့ လာဖွင့် Reviewed by THITHTOOLWIN on 19:58 Rating: 5

No comments:

Powered by Blogger.