မန္တလေးက ကျန်းမာရေးဝန်ထမ်းတွေ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး မထိုးကြ


စစ်အာဏာရှင်ဆန့်ကျင်ရေးအနေနဲ့ လုပ်ငန်းခွင်မဝင်ပဲ ဆန္ဒပြနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးရမယ့် ရက်ရောက်လာပြီဖြစ်ပေမယ့် မထိုးဘူးလို့ ဆရာဝန်တွေထံက သိရပါတယ်။

မြန်မာနိုင်ငံမှာထိုးတဲ့ ကာကွယ်ဆေးဟာ ၂ ကြိမ် ထိုးရတာဖြစ်ပြီး ပထမအကြိမ်ထိုးပြီး ၄ ပတ်အကြာမှာ ဒုတိယအကြိမ်ထိုးရတာပါ။

"တရားဝင်ရွေးကောက်ပွဲအောင်နိုင်တဲ့အစိုးရဆိုရင်တော့ ထိုးမယ်။ လတ်တလောတော့ ပြည်သူတွေလည်း ဘယ်သူမှ မထိုးရသေးဘူး။ ကျွန်တော်တို့က ပထမအကြိမ် ထိုးပြီးသွားပြီဆိုတော့ ၇၀ ရာခိုင်နှုန်းလောက်တော့ ကာကွယ်သွားပြီးပါပြီ။ ကျွန်တော် သိသလောက်တော့ ဘယ်သူမှမထိုးကြဘူး" လို့ CDM လုပ်ဆောင်နေတဲ့ ဆရာဝန်တစ်ယောက်က ပြောပါတယ်။

မန္တလေးမှာ အခုနှစ်  ဇန်နဝါရီလ ၂၇ ရက်နေ့ကကစတင်ပြီး ကျန်းမာရေးဝန်ထမ်း ၂၄၅၈ ယောက်ကို ကိုဗစ်ကာကွယ်ဆေးအလှည့်ကျ ထိုးနှံပေးခဲ့တာဖြစ်ပါတယ်။

လုပ်ငန်းခွင်မဝင်ဘဲ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ များပြားတဲ့အတွက် အစိုးရ ဆေးရုံတွေ ပိတ်ထားရတာ တွေ့ရပါတယ်။




RFA Burmese

https://www.facebook.com/rfaburmese

မန္တလေးက ကျန်းမာရေးဝန်ထမ်းတွေ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး မထိုးကြ မန္တလေးက ကျန်းမာရေးဝန်ထမ်းတွေ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး မထိုးကြ Reviewed by THITHTOOLWIN on 21:42 Rating: 5

No comments:

Powered by Blogger.