မြန်မာနိုင်ငံ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်း ထိခိုက်နိုင်ခြေ ကုလစိုးရိမ်

ရန်ကုန်မြို့ ဧရာဝတီကိုဗစ်စင်တာတခုမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (ဇန်နဝါရီ ၂၇၊ ၂၀၂၁)


မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတာကြောင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းတွေကို ထိခိုက်မှာ စိုးရိမ်ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

"မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးမယ့် အမျိုးသားအဆင့် စီမံကိန်းတခုကို အခိုင်အမာ ပြင်ဆင်ရေးဆွဲထားပေမဲ့ မကြာသေးခင်က ကြုံခဲ့ရတဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ အလွန်အမင်း စိုးရိမ်နေကြတဲ့အကြောင်း" ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Stephane Dujarric က ပြောဆိုလိုက်တာပါ။

ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၁၀၅,၀၀၀ ကို ကာကွယ်ဆေးတွေ ထိုးပေးပြီး ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံက ကုလသမဂ္ဂ တာဝန်ရှိသူတွေကို ကိုးကားပြီး ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တာကြောင့် ဆန္ဒပြလှုပ်ရှားမှုတွေလည်း ပေါ်ပေါက်နေတာပါ။

စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြတာတွေ အနုနည်းနဲ့ အာဏာဖီဆန်တဲ့ လှုပ်ရှားမှုတွေမှာ ကျန်းမာရေး ဝန်ထမ်းတွေလည်း ပါဝင်လာကြတာကြောင့် ကျန်းမာရေးကဏ္ဍ အပါအဝင် လုပ်ငန်းတေ ွတော်တော်များများလည်း ရပ်ဆိုင်းနေပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-un-concern-/5791404.html

မြန်မာနိုင်ငံ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်း ထိခိုက်နိုင်ခြေ ကုလစိုးရိမ်  မြန်မာနိုင်ငံ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်း ထိခိုက်နိုင်ခြေ ကုလစိုးရိမ် Reviewed by THITHTOOLWIN on 07:58 Rating: 5

No comments:

Powered by Blogger.