စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေကို ချက်သမ္မတ ထောက်ခံ

မှတ်တမ်းဓါတ်ပုံ- ၂၀၁၃ စက်တင်ဘာတုန်းက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်ဆောင်ဆန်းစုကြည် က ချက်သမ္မတ Milos Zeman နှင့်တွေ့ဆုံစဉ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အရှိန်နဲ့ ဆက်လက်လုပ်ဆောင်နေကြချိန်မှာပဲ ချက်ပြည်သူ့သမ္မတ နိုင်ငံကလည်း အပြည့်အဝ ထောက်ခံပံ့ပိုးပေးနေကြောင်း ချက်သမ္မတ Milos Zeman က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်ဆောင်ဆန်းစုကြည် ဆီကို စာရေးသား အားပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အင်မတန်ခက်ခဲတဲ့ အခြေနေနဲ့ ရင်ဆိုင်နေရတာအတွက် သိပ်ကိုစိုးရိမ်ကြောင်းနဲ့ ဒီမိုကရေစီအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်နေမှုကို ထောက်ခံကြောင်း ဖေါ်ပြထားတာပါ။ စစ်တပ်ကအာဏာသိမ်းတာကို ချက်ပြည်သူ့သမ္မတနိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်ကြောင်းနဲ့ အရွေးကောက်ခံမြန်မာခေါင်းဆောင်တွေကို ထောက်ခံပံပိုးမှာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၃ နဲ့ ၂၀၁၉ ချက်ပြည်သူ့သမ္မတနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်တွေနဲ့ အတူ ရှုပ်ထွေးလှတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ အကူးအပြောင်းကာလ အခြေနေအပါအဝင် ကိစ္စရပ်တွေကို ရင်းနှီးစွာ ဆွေးနွေးပြောဆိုခဲ့တာတွေကို အမှတ်ရနေသလို မြန်မာနိုင်ငံ လွတ်လပ်ပြီး လူ့အခွင့်ရေးအပြည့်အဝရဖို့ ကြွယ်ဝချမ်းသာမှုနဲ့ ရေရှည်ငြိမ်းချမ်းရေးရဖို့ ချက်ပြည်သူ့သမ္မတနိုင်ငံက အမြဲပံ့ပိုးပေးနေမှာဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာအဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်ရေးလှုပ်ရှားသူတွေ၊ သတင်းသမားတွေနဲ့ အနုပညာရှင်တွေ အားလုံးကို ချွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ထွန်းကားစေဖို့ နိုင်ငံတကာအသိုင်းဝိုင်းတွေနဲ့ အတူလက်တွဲပြီး သံတမန်ရေးနည်းလမ်းအရ လုပ်နိုင်တာ အားလုံးကို လုပ်ဆောင်ပေးမှာ ဖြစ်ကြောင်းလည်း ချက်သမ္မတ ဇီးမန်းက ဖေဖေဝါရီလ ၂၄ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဆီ စာပေးပို့ခဲ့တာ ဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/czech-president-milos-zeman-letter-to-aung-san-suu-kyi-/5793535.html

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေကို ချက်သမ္မတ ထောက်ခံ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေကို ချက်သမ္မတ ထောက်ခံ Reviewed by THITHTOOLWIN on 07:00 Rating: 5

No comments:

Powered by Blogger.