စစ်တွေမှာ ဘာသာရေးခေါင်းဆောင်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေး


ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေကို ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ ဒီကနေ့နေ့လယ် ၁ နာရီကစတင်ပြီးတော့ ထိုးပေးနေပြီဖြစ်ပါတယ်။ဖေဖော်ဝါရီ ၂၅ ရက် ဒီကနေ့မှာဆေးထိုးခွင့်ရရှိခဲ့ကြသူတွေဟာ ဗုဒ္ဓဘာသာထေရ်ကြီးဝါကြီးဆရာတော် ၂၀ ပါး၊ ခရစ်ယာန် ဘာသာရေးခေါင်းဆောင် တွေအပါအဝင် ၁၉ ဦး၊ ဟိန္ဒူဘာသာရေးကောင်းဆောင် တစ်ဦး၊ မွတ်ဆလင်ဘာသာရေး ခေါင်းဆောင်တွေအပါအဝင် ၂၀ ဦး စုစုပေါင်း ၆၀ ဦးတို့ကို ထိုးနှံပေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးခဲ့ပြီး ရခိုင်ပြည်နယ်မှာတော့ ဒုတိယအသုတ်အနေနဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ ၅၂ ဦးကိုထိုးနှံပေးခဲ့သလို ဒီကနေ့မှာတော့ တတိယအသုတ်အနေနဲ့ ဘာသာရေးခေါင်းဆောင် ၆၀ ဦးတို့ကို ထိုးနှံပေးခဲ့တာဖြစ်ပါတယ်။ဗုဒ္ဓဘာသာဆရာတော်ကြီးတွေကိုတော့ စစ်တွေမြို့ဆေးရုံအုပ်ကြီးရုံးခန်းမှာ ထိုးပေးပြီး ဟိန္ဓူနဲ့ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေကိုတော့ ရွှေနှလုံးတော် ကပ်သလစ်ဘုရားကျောင်းမှာထိုးပေးကာ မွတ်ဆလင်ဘာသာရေးခေါင်းဆောင် တွေကိုတော့ စစ်တွေမြို့ပေါ်က အောင်မင်္ဂလာ ရပ်ကွက်က ဗလီတစ်ခုမှာထိုးပေးခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်ကို စစ်တွေတစ်မြို့နယ်တည်းမှာသာထိုးနှံ ပေးနေတာဖြစ်ပြီး ကျန်မြို့နယ်တွေမှာတော့ ထိုးနှံခြင်းမရှိသေးဘူးလို့ ကျန်းမာရေးဌာနက ပြောပါတယ်။





BBC Burmese

https://www.bbc.com/burmese/live/burma-56140135

စစ်တွေမှာ ဘာသာရေးခေါင်းဆောင်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေး  စစ်တွေမှာ ဘာသာရေးခေါင်းဆောင်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေး Reviewed by THITHTOOLWIN on 21:39 Rating: 5

No comments:

Powered by Blogger.