ရန်ကုန်မှာ တတိယနေ့ ဆန္ဒပြမှုတွေစ

စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှု လူထောင်ပေါင်းများစွာ ပါဝင်တဲ့ ဒုတိယနေ့ ဆန္ဒပြပွဲကို ရန်ကုန်မြို့မှာ မနေ့က ပြုလုပ်ခဲ့ပြီး ဒီကနေ့ တတိယမြောက်နေ့အဖြစ် ရန်ကုန်မှာ ဆက်လက်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဒီကနေ့ တတိယမြောက်နေ့မှာ မြေနီကုန်းမှာ “အာဏာရှင်ဆန့်ကျင်ရေးလူထုအစည်းအဝေးပွဲ” လုပ်ဖို့ရှိတယ်လို့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မအိသဉ္စာမောင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ပြောပါတယ်။

အဲဒီအစည်းအဝေးကနေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖျက်သိမ်းရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ရေး၊ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းရေး စတာတွေကို ဆုံးဖြတ်ချက် ချသွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့နဲ့အတူ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မုံရွာ၊ တာချီလိတ်၊ ရေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ လွိုင်ကော်၊ ဂွ၊ သံတွဲ၊ လားရှိုး၊ ပုဂံနဲ့ တောင်ကြီးမြို့ စတဲ့နေရာတွေမှာလည်း စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြမှုတွေ လုပ်နေတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။




BBC Burmese

https://www.bbc.com/burmese/live/burma-55882493

ရန်ကုန်မှာ တတိယနေ့ ဆန္ဒပြမှုတွေစ  ရန်ကုန်မှာ တတိယနေ့ ဆန္ဒပြမှုတွေစ Reviewed by THITHTOOLWIN on 14:54 Rating: 5

No comments:

Powered by Blogger.